အေးမြတ်ခိုင်၊နိရဥ္စရာ၊ဇွန်လ၈/၂၀၂၄
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် နယ်မြေများတွ
၇ခိုင်ပြည်နယ်အတွင်း စစ်ပွဲကြောင့် နေရပ်စွန်ခွါထွက်ပြေးလာကြ၇သူ ၅ သိန်းကျော်အထိ ရှိလာပြီး ၎င်းတို့အတွက် မိုးတွင်းကာလ အမိုးအကာအောက်ကို အမြန်ဆုံးရောက်ရှိနိုင်ရေး အပူတပြင်း လိုအပ်နေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။
“စစ်ဘေးရှောင်တွေ မိုးတွင်းကာလ အမိုးအကာအောက်ကို ရောက်ရှိရေးအတွက် အရေးတကြီးလိုအပ်နေပါတယ်”ဟု ဦးခိုင်သုခက ပြောဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်များအတွက် အစားအသောက်၊ဆေးဝါး နှင့် အဝတ်အထည်များအပြင် လိုအပ်ချက်များစွာ ရှိနေသည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖွဲ့အစည်းများကို လာရောက်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံထားသည်။
“စစ်ဘေးရှောင်စခန်းတွေမှာ အစားအသောက်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကအစ လိုအပ်များစွာရှိတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ NGO တွေ၊INGO တွေ နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ လာရောက်လှူဒါန်းပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ပြောသည်။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် လှူဒါန်းရန် အခက်အခဲရှိပါကလည်း လူသားချင်းစာနာမှု အကူအညီများအား အာရက္ခတပ်တော်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပြောဆိုထားသည်။
၇ခိုင်တွင် တကျော့ပြန်တိုက်ပွဲများစတင်ခဲ့
အာရက္ခတပ်တော်သည် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များအားဘာသာ လူမျိုးမခွဲခြားဘဲ ကူညီစောင့်ရှောက်လျက်ရှိကြောင်း သိ၇သည်။