စနေ၊ ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး၀င်ခိုလှုံနေသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၄ ဦးကို နေရပ်ပြန်ပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 808

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၉/၂၀၂၄

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြေး၀င်ခိုလှုံနေ သည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၃၄ ဦးကို ယနေ့တွင် နေရပ်သို့ပြန်လည်ပို့ ပေးလိုက်ပြီဖြစ်ကြောင်း ဒါကာထရီဗြူးသတင်းဖော်ပြချက်အရ သိရသည်။

မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ကာလရှည်ကြာစွာဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြေး၀င်ခိုလှုံနေ သည့် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နှင့် စစ်တပ်မှ တပ်ဖွဲ့ဝင် ၁၃၄ ဦးတို့ကို ယနေ့တွင် နေရပ် ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်က သတင်းထုတ်ပြန်သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့် အုပ်ချုပ်ရေးအဖွဲ့၏  သတင်းရင်းမြစ်များ၏ပြောဆိုချက် အရ တနင်္ဂနွေနေ့( ဇွန်လ ၉ ရက်)နံနက် ၇ နာရီခန့်တွင် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များ နှင့် တပ်မတော်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား လေးစီးသည် ကော့ဘဇားရှိ ဘင်္ဂလားဒေ့ရှ် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (BIWTA) ဆိပ်ခံတံတားသို့ ရောက်ရှိလာပြီး နံနက် ၁၀ နာရီခန့်တွင် ၄င်းတို့၏ နေရပ်(မြန်မာနိုင်ငံ)ထံ ပြန်လည်ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။ 

၄င်းတို့ကို တင်းကျပ်သော လုံခြုံရေးအစီအမံများဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တစ်ဦးကပြောဆိုသည်။

မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များနှင့် တပ်မတော်သားများကို တွန်းသင်္ဘောဖြင့် ခေါ် ဆောင်သွားခဲ့ ပြီး ပင်လယ်ပြင်တွင် စခန်းချထားသည့်  မြန်မာ့ ရေတပ် သင်္ဘောတစ်စင်းထံသို့  ပို့ဆောင်ပေးခဲ့သည်ဟု ၄င်းကဆိုသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် စနေနေ့က (မေလ ၈ ရက်) ကော့ဘဇားမြို့သို့ မြန်မာ့ ရေတပ် သင်္ဘောဖြင့် ရောက်ရှိခဲ့ပြီး  မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များ နှင့် တပ်မတော်သားများအား ပြန်လည်ခေါ်ယူမည့်လုပ်ငန်းစဥ် နှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်  ပြစ်မှု မျိုးစုံ ဖြင့် ထောင်ကျခံနေရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၅ ဦးကို လည်း မြန်မာအစိုးရက ဇွန် ၈ ရက်က ဘင်္ဂလားဒေ့ရှ် ထံလွှဲပြောင်းပေးခဲ့သည်။

"မြန်မာနိုင်ငံမှာပြစ်မှု မျိုးစုံ နဲ့ အကျဥ်း ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၅ ဦးကို တင်ဆောင် လာတဲ့ သင်္ဘောဟာ အခုနေရပ်ကို ပြန်ရောက်နေပါပြီ။  "ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တစ်ဦးက ပြောဆိုသည်။

(ပုံစာ/ ၂၀၂၄ ခုနှစ် ၊ ဇွန်လ ၉ ရက် (တနင်္ဂနွေနေ့)တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်အချို့ကို ကော့ဘဇား ရှိ BIWTA ဆိပ်ခံတံတားမှတဆင့်  ၎င်းတို့၏ နေရပ်သို့ ပြန်လည် ပို့ဆောင်နေသည်ကို  တွတွေ့ရစဥ်/ Photo: Dhaka Tribune)

Source/Dhaka Tribune

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!