English Edition
ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၃ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တော ဟာဘီကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၅ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ
ဇွန် ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :1480
ရခိုင် သတင်း
သဥ္ဇာနွယ်၊နိရဥ္စရာ၊ ဇွန် ၁၀/ ၂၀၂၄
ရခိုင်ပြည်၊မောင်တောမြို့နယ်၊ဟာဘီကျေးရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ၅ ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူများမှာဟာဘီကျေးရွာမှ
ဦးဂျုဟာရ်
(
၅၀
)
နှစ်
၊
ဒေါ်ဒိလ်ဘာရ်
(
၄၅
)
နှစ်(ဂျုဟာရ်၏ အိမ်ရှင်မ)၊
မောင်နော်ဂျု
(
၂၀
)
နှစ် (သား
)
၊
မရှော်ဖာနုရ်
(
၁၂
)
နှစ်(သမီး
)
၊
မခေါ်ယိန်နုရ်
(
၆
)
နှစ်(သမီး)
တို့ ဖြစ်ကြသည်။
ဒဏ်ရာ၇သူများမှာလည်း
ဒေါ်နုရ်ဖာတေမာ
(
၃၂
) နှစ်၊
မနုရ်ချေဟဲရာ
(
၁၁
) နှစ်၊
ဒေါ်ဆော်မိရာအဖနော်ဇိရ်အာမတ်
(
၄
၀) နှစ်၊
မရှာဟီမာအဖအာမတ်အာမိန်
(
၁၁
) နှစ်၊
မောင်အာတအုလ်အဇီဇ်အဖအာယုဖ်
(
၇
) နှစ်၊
ဒေါ်နုရ်ဂျာန်
(
၆၅
)နှစ် ၊
မောင်ကိုက်ဆဲရ်အဖရော်ဘိခ်အာလာမ်
(
၈
)နှစ်၊
မောင်ဆူလေမာန်ရှာအဖ ဂျုဟာရ်
(
၃
) နှစ်
တို့ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဟာဘီကျေးရွာကို ယမန်နေ့ ဇွန်လ ၉ ရက်နေ့ မွန်းလွှဲပိုင်းက စစ်ကောင်စီ၏ နခခ(၅)တပ်ရင်းမှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လက်နက်ကြီး ကျည်တစ်လုံးသည်မိုဟာမတ်ဇူဟာရ်၏ နေအိမ်သို့ ကျရောက်ခဲ့ပြီး မိသားစုတစ်ခုလုံး သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
အိမ်နီးနားချင်းများမှာလည်းကျည်စထိမှန်၍ ဒဏ်ရာရရှိသူများရှိကြသည်ဟု မောင်တောဒေသခံ မွတ်ဆလင် တစ်ဦးက နိရဥ္စရာသတင်းဌာန ကိုပြောသည်။
“
ထမင်းစားချိန်လောက်မှာ နခခ (၅) ကလက်နက်ကြီးကျည်နဲ့ပစ်လို့ မွတ်ဆလင်မိသားစုထဲက သုံးယောက်က ပွဲချင်းပြီး သေသွားတယ်။နောက်ထပ်လူတွေက ဒဏ်ရာ ပြင်းထန်တော့ နောက်ထပ် ထပ်သေကြတာပါ။ ဒဏ်ရာ၇တဲ့သူကတော့ ၄ယောက်လောက်ရှိနေသေးတယ်။ တစ်ရွာထဲနေတဲ့ အိမ်နီးချင်းတွေပါ” ဟုပြောသည်။
လက်ရှိတွင်ဟာဘီကျေးရွာမှ မွတ်ဆလင် ၂၀၀၀ ကျော်ခန့်သည်လည်း နီးစပ်ရာကျေးရွာနှင့် မြို့ပေါ်သို့တိမ်းရှောင်သွားခဲ့ကြကြောင်း မောင်တောမြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။
“
လက်ရှိတိုက်ပွဲဖြစ်တာမရှိတဲ့နေရာကမြို့တစ်ခုပဲကျန်တော့ မြို့ကိုပဲထွက်ပြေးကြတာပါ၊ တချို့ကတော့ ဆွေမျိုးတွေ ရှိတဲ့ရွာတွေကိုသွားတယ်” ဟုပြောသည်။
မောင်တောဂေါ်လီဇာရွာအနီးအနားတွင်လည်း ယမန်နေ့က အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်ခဲ့သဖြင့်စစ်ကောင်စီ၏ မောင်တောမြို့သူကြီး နခခ(၅) မှအနီးအနားကျေးရွာ များကို လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ဇွန်လ ရ ရက်နေ့က ည၉ နာရီခန့်ကလည်း ဂေါ်လီဇာကျေးရွာနှင့် သီဟိုဠ်ခြံများကိုကို စစ်ကောင်စီမှဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိ၇သည်။
အာရက္ခတပ်တော်နှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် မောင်တောမြို့အနီးအနားနှင့် ကျေးရွာများအားစစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး ဇွန်လ ၆ ရက်မှယနေ့ ဇွန်လ ၉ ရက်အထိ (၄) ရက် အတွင်း လေယာဉ်ဖြင့် ဗုံးကြဲသည့် အကြိမ်ရေ ၃၀ခန့် အထိရှိကာ ဒေသခံ အရပ်သားပြည်သူ သေဆုံးမှုနှင့်ဒဏ်ရာရရှိမှုများပြားလာနေကြောင်း မောင်တော ဒေသခံများထံမှသိ၇သည်။
#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.