ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

AA ထိုးစစ် အလယ်သံကျော်အထိနီး ကပ်လာ၍ ဒေသခံများအားဘေးလွတ်ရာသို့ပြောင်းရွှေ့ခိုင်းထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၀ /၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ထိုးစစ်မှာ အလယ်သံကျော်အထိ နီးကပ်လာနေသဖြင့် အလယ်သံကျော် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများကို အာရက္ခတပ်တော်မှပြောင်းရွေ့ခိုင်းထားကြောင်း အလယ်သံကျော် (ရခိုင် )ကျေးရွာဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့ အလယ်သံကျော်က မွတ်ဆလင် နဲ့ ရခိုင် ရွာတွေကို ရွှေ့ပြောင်းခိုင်းထားတာ တစ်လလောက်ရှိပြီ။ ရခိုင်တွေကအားလုံးထွက်လာကြပြီ။ မွတ်ဆလင်တွင် ဘင်္ဂာဖက်ကို သွားကြတာလည်းရှိတယ်။ တစ်ချို့ကတော မောင်တောကဆွေမျိုးတွေဆီသွားကြတာရှိတယ်။ နောက်ကျန်နေတာလည်းရှိသေးတယ်။ တိုက်ပွဲဖြစ်လာယင် အရပ်သားတွေ ထိခိုက်နိုင်တဲ့အတွက် တပ်တော်က နေအိမ်တွေကနေ စွန့်ခွာပြီး ဘေးလွှတ်ရာကို သွားနေကြဖို့ ပြောထားတာရှိပါတယ်။ မဟုတ်ရင် အထိနာကြမယ်လ "ဟု ၎င်းက ပြောကြားသည်။

မောရဝတီ၊ဥဒေါင်း၊အလယ်သံ‌ကျော် (ရခိုင်) နှင့် မွတ်ဆလင် ကျေးရွာများအားအာရက္ခတပ်‌တော် AA မှ ပြီးခဲ့တဲ့ တစ်လကျော်မှ စပြီးပြောင်းရွှေ့ခိုင်းထာသော်လည်းအလယ်သံကျော်(မွတ်ဆလင်)ရွာမှ ရွာသားအချို့မှာ မ‌ရွေ့‌‌ ပြောင်းဘဲကျန်ရှိနေသေးသည်ဟု သိရသည်။

မောရ၀တီ နခခ (၄) နှင့် ဗျူဟာကုန်းများကို အေအေက သိမ်းပိုက်ပြီးနောက် အလယ်သံကျော် စခန်းအား အေအေက ဝင်တိုက်ရန် အခြေအနေမှာ လွန်စွာနီးကပ်နေပြီး နေ့လား၊ ညလား ဝင်တိုက်ရန် အခြေအနေရှိနေသည်ဟု နောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

"အလယ်သံကျော် စခန်းနဲ့တော်တော်လေးဝေးတဲ့ နေရာတွေက ရွာတွေကိုတော့ ပြောင်းရွှေ့တာမျိုး မရှိဘူး။  အလယ်သံကျော် အထက်တန်ကျောင်းနားက ကံဘူးကျေးရွာကျတော စခန်းနဲ့ နည်းနည်း နီးတယ်။ တိုက်ပွဲကြားမှာ ညှပ်ပါသွားနိုင်တယ်‌လေ။ ရခိုင်ရွာကျတော စခန်းနဲ့ကပ်နေတာ ဒါကြောင့် အကုန်လုံးထွက်ပြေးကြတာ"ဟု အလယ်သံကျော်ဒေသခံတစ်ဦးကပြောဆိုသည်။

မောင်တောအလယ်ကျော်(မွတ်ဆလင်)ကျေးရွာအုပ်စု မှာ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်အတွင်၌ အလယ်သံကျော်၊အရှေ့၊နောက်၊‌‌ တောင်‌‌၊မြောက်၊ကမ်းပိုင်နား၊ လေယာဉ်ကွင်း စသည့်ကျေးရွာများ အားလုံးအားမြန်မာစစ်တပ်မှမီးရှို့ဖျက်ဆီးခဲ့ပြီး နောက် အလယ်သံကျော်ကညင်တန်း နှင့် အလယ်သံကျော်အထက်တန်းကျောင်းအနီးရှိ ကံဘူးကျေးရွာ နှစ်ခုသာကျန်ရှိခဲ့တာလည်းဖြစ်သည်။

မောင်တောမြို့မှ ၂၄ မိုင်ကွာဝေးတဲ့ နယ်မြေ(၇)အလယ်သံကျော်နယ်ခြားစောင့်စခန်းကြီး အား အေအေ တပ်ဖွဲ့ဝင်များ မဝင်ရောက်နိုင်အောင် ပေ ၁၁၀ ရှိအလယ်သံကျော် ကွန်ကရစ်တံတားကြီးအား ဇွန်လ ၉ ရက်နေ့၌စစ်‌ကောင်စီတပ်မှမိုင်းခွဲဖျက်ဆီးလိုက်သလို့ ထိုနေ့၌ စ်ကောင်စီရေကြောင်မှကမ်းထိုး ရေယာဉ်(၅)စီးဖြင့်စစ်အင်အားနှင့်လက်နက်အင်အားအလုံးအရင်းဖြည့် တင်းထားကြောင်း ဒေသခံများထံမှသိရသည်။

မောင်တောမြို့နယ်တောင်ပိုင်းရှိ စစ်ကောင်စီခြေအခြေစိုက်နယ်ခြား‌ စောင့်စခန်းများဖြစ်ကြတဲ့ ကျောက်ပန္ဒူစခန်း၊တာဝါတိုင်စခန်း၊အင်းဒင်နခခ (၆)စခန်း၊ခွဆုံပြင်စခန်း၊မြင်းလွှတ်နခခ(၉) စခန်း၊နခခ(၄)မောရဝတီ စခန်းများအား ဇွန်လ(၂)ရက်နေ့ မှ ဇွန်လ (၈) ရက်နေ့ အတွင်း အာရက္ခတပ်‌တော်မှအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက်နယ်‌မြေ(၇) အလယ်သံကျော်စခန်းကြီးအား အာရက္ခတပ်တော်မှထိုးစစ်ဆင်ရန်ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

ဆက်စပ် သတင်းများ