ကြာသပတေး၊ ဇွန်လ ၂၀ရက်၊ ၂၀၂၄

အာဆာနှင့် အာရ်အက်စ်အိုတိုက်ပွဲဖြစ်၍ ဒုက္ခသည် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ ဇွန် ၁၀/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုးကီယားမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည် စခန်းတစ်ခုတွင် ပြိုင်ဘက် လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် အာဆာနှင့် အာရ်အက်စ်အို အဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားရာကနေ ဒုက္ခသည် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ ၃ ဦးမှာ  Md Elias၊ Md Ishaq နှင့်  Firoz Khan တို့ဖြစ်ကြောင်း ဒက္ကားထရိန်းရဗျူးတွင် သတင်းဖော်ပြသည်။

၎င်းတိုက်ခိုက်မှုသည် တိုးချဲ့စခန်း အမှတ် (၄) တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

၎င်းတို့ကို အာဆာအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ပြီး ဓားနှင့်ပါ ခုတ်သတ်ခဲ့သည်ဟု ရဲတပ်ရင်း အမှတ် (၁၄) ၏ ကွပ်ကဲရေးမှူး DIG Md Iqbal မှ ထပ်လောင်း ပြောကြားခဲ့သည်။

အာဆာအဖွဲ့သည် စခန်းတွင်း ၎င်းတို့အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန်နှင့် စခန်းတွင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသည်ဟု ဆိုသည်။

အဓိက ဒုက္ခသည်စခန်းများကို ချုပ်ကိုင်လွှမ်းမိုးမှုရအောင်ကြိုးစားရာမှ ပြိုင်ဘက် နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အိုးကီးယားမြို့နယ် ရဲစခန်းမှ စစ်ဆေးရေးမှူး Shamim Hossain က ဒုက္ခသည်  ၃ ဦး၏ ရုပ်အလောင်းများကို တိုက်ပွဲဖြစ်ပွားရာ နေရာမှ ရှာဖွေ တွေ့ရှိထားပြီး ၎င်းအလောင်းများကို ကော့စ်ဘဇားခရိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း  ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ