နောင်မင်းသူ၊နိရဉ္စရာ၊ဇွန် ၁၁ /၂၀၂၄
၇ခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တော-အငူ မော်လမ်းတစ်လျှောက်ရှိ အာရက္ခတပ်တော် (AA) မှသိမ်းပိုက်ထားသော နယ်ခြားစောင့်စခန်းများနှင့် အနီးဝန်းကျင်နေရာများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
"မနေ့ကစပြီးမောင်တော-အငူမော်လမ်းတစ်လျှောက်က အေအေ သိမ်းထားတဲ့ စခန်းတွေနဲ့ အနီး ပတ်ဝန်းတွေကိုဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံလာကြဲနေတယ်။ ဒီနေ့လည်း ဆက်ပြီးလာကြဲတယ်လို့ သိ၇တယ်" ဟု ပြောကြားသည်။
အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော မောင်တော-အငူမော်လမ်းတစ်လျှောက်ရှိ ကျောက်ပန္ဒူစခန်း၊ တာဝါတိုင် စခန်း၊ အင်းဒင်နခခ(၆)စခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်နခခ(၉) စခန်း၊ နခခ(၄) မော၇၀တီ စခန်းများနှင့် အနီးဝန်းကျင်များအား စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ရခိုင်ဒေသ၌စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြုပြီး အေအေ ထိုးစစ်အား ကာကွယ်နေသလို တစ်ခြားတစ်ဖက်တွင်လည်း အရပ်သားများနေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိဗုံးကြဲနေသည်ဟု ဒေသခံများကပြောဆိုသည်။
"ဂျက်တိုက်လေယာဉ်တွေကလူတွေအိပ် ပျော်နေတဲ့ အချိန်ကိုရွေးပြီး ညသန်းခေါင်ကျော်အချိန်တွေမှာ လာပြီး ဗုံးတွေကြဲချနေတာ။ အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေကိုရည်ရွယ် ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာ တွေ့၇တယ်"ဟု ပြောဆိုသည်။
ယခုကဲ့သို့ တိုက်ခိုက်နေမှုကြောင့် ဒေသခံရခိုင်ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ်ကို အထူး စိုးရိမ်နေကြ၇ကြောင်း ၎င်းက ပြောဆိုသည်။
မောင်တောမြို့အနီးတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ မှ ဇွန်လ ၉ ရက်နေအထိ ၄ ရက် ဆက်တိုက်စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မူ အကြိမ်ရေ၃၀ ခန့်အထိ ပြုလုပ်ခဲ့သဖြင့် ဒေသခံ မွတ်ဆလင်၃ ဦး သေဆုံးကာ၊ ၅ ဦးဒဏ်ရာရရှိခဲ့သည်။
ကိုင်းကြီးရွာတွင်လည်း ဗုံးကြဲတိုက်ခိုက်ခံရ၍ မြိုတိုင်းရင်းသား ဆရာတော်တစ်ပါးနှင့် ကလေးငယ် ၂ ဦးဒဏ်ရာရရှိကာ နွားတစ်ကောင် သေဆုံးခဲ့ရကြကြောင်းဒေသခံများထံမှသိ၇သည်။
ပြီးခဲ့သည့် မေလ၂၁ ရက် နံနက် ၃ နာရီ ၄၅ မိနှစ် ကျော်၌လည်း မောင်တောတောင်ပိုင်းရွှေဗဟိုကျေး ရွာကို ဂျက်တိုက်လေယာဥ်ဖြင့်ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်၁ ဦးထက် မနည်း သေဆုံးကာ၅ ဦးထက် မနည်းဒဏ်ရာရရှိသွားကြောင်းဒေသခံများထံမှသိ၇သည်။
ထိုအတူသရီကုန်ဘောင်ကျေးရွာအား မေလ ၁၉ ရက် နံနက်၁၀ နာရီကျော်၌ ဂျက်တိုက် လေယာဉ်ဖြင့် ဗုံး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၂ ဦးဒဏ်ရာရရှိခဲ့ကာကျေးလက်ဆေးပေးခန်းများ အပါအဝင် လူနေအိမ်၅ အိမ်ပျက်စီးသွားခဲ့၇သည်။
မေလ၁၄ ရက်မွန်းလွဲ ၁၂ နာရီကျော်အချိန်၌လည်း ကင်းချောင်းကျေးရွာအား စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးလာရောက်ကြဲချခဲ့သဖြင့် ဒေသခံ ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့၇ပြီး ၆ ထက် မနည်းအပြင်း အထန်ဒဏ်ရာရရှိသွားခဲ့၇သည်။