Preview

AA ထိုးစစ် သံတွဲ မြို့ သို့ နီးကပ်လာသဖြင့် ၁၁ မျဉ်းစောင်းမဟုတ်သော ဝန်ထမ်းများအား နေရပ်ပြန်ခိုင်း

ဇွန် ၁၃/ ၂၀၂၄ | ကြည့်ရှုသူ :5599
ရခိုင် သတင်း

( ဝန်ထမ်းအိမ်ရာအတွင်း စစ်တပ်က လက်နက်ကြီးတပ်အထိုင်ချ)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၁၃ ရက်/၂၀၂၄

၇ခိုင်ပြည်နယ်၊ သံတွဲ မြို့ပေါ်သို့ တိုက်ပွဲနီးကပ်လာသဖြင့် ၁၁ မျဉ်းစောင်း ရခိုင် မှတ်ပုံတင် မကိုင်ဆောင်သည့် ဝန်ထမ်းများ အားစစ်ကောင်စီမှယခုရက်ပိုင်းတွင် နေရပ် ပြန်ခိုင်းနေပြီး  ဒွါရာ၀တီ မြို့သစ်ရှိဝန်ထမ်း အိမ်ရာအတွင်းတွင်လည်း  လက်နက်ကြီးတပ်အထိုင်ချတပ်စွဲထားကြောင်း ဒေသခံများမှ နိရဉ္စရာသို့ ပြောသည်။

“ ၁၁ / မှတ်ပုံတင်မဟုတ်တဲ့ မြန်မာပြည်အနှံ့ကသံတွဲလာရောက် လုပ်ကိုင်နေတဲ့အစိုးရဝန်ထမ်း တွေကို ပြန်ခိုင်းတာပါ၊ စစ်ပွဲကလည်း ဘာမှန်းမသိ မြို့နဲ့နီးလာတော့ဒေသခံမဟုတ်တဲ့ သူတွေကို နားလည်မှုနဲ့ ခွင့်တင်ပြီး ပြန်လို့ ရအောင် အခုရက်ပိုင်းမှာ ညွန်ကြားထားပါတယ်။ စာနဲ့ပေနဲ့တော့ မထွက်သေးဘူး။ သွားလို့ ၇အောင်လည်းအလွယ်တကူခွင့်ပြုပေးနေပါတယ်” ဟု အမည်မဖော်လိုသည့် ဝန်ထမ်းတစ်ဦးမှပြောသည်။

လက်ရှိအချိန်တွင် သံတွဲမြို့ရှိဌာနဆိုင်ရာဝန်ထန်းများထဲမှ ၁၁ / မှတ်ပုံတင်မဟုတ်သောဝန်ထမ်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ စစ်ကောင်စီက ပြန်ခိုင်းလျက်ရှိရာယခင်က မပြန်နိုင်သေးသည့် ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲတချို့လည်း ယခုရက်ပိုင်းတွင်ပြန်ကြမည်ဖြစ်ကြောင်း သိ၇သည်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ဝန်ထမ်းအိမ်ယာ၌ နေထိုင်သူ ဝန်ထမ်းများကိုစစ်ကောင်စီက ဇွန်လ ၆ ရက် မွန်းလွဲပိုင်းတွင် ပြောင်းရွှေ့ခိုင်းခိုင်းခဲ့သော်လည်း ပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေသည့် ဝန်ထမ်းတချို့ကိုဇွန်လ ၈ ရက်နေ့တွင်ပြန်လည် နေထိုင်ခိုင်းခဲ့ကြောင်း ဒေသခံများကဆိုသည်။

ထို့အပြင် တောင်ကုတ်မြို့ဘက်သို့ အထွက်၊ ဒွါယာ၀တီမြို့သစ် မြို့ဝင်ဆိုင်းဘုတ်အနီးအိုးအိမ် အစိုးရဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ စစ်ကောင်စီလက်အောက်ခံတပ်များက အမြောက် ၁လက်ကိုဇွန်လ ၁၂ ရက် ယနေ့နေ့လယ်ပိုင်းက ပြောင်းရွေ့ကာ လက်နက်ကြီးတပ်စိတ်တစ်ခု အထိုင် ချထားသည်ဟုသံတွဲမြို့ ဒေသခံများက ပြောသည်။

“ အိုးအိမ်ဝန်ထမ်းအိမ်ရာပါ။ ဒွါရာ၀တီ မြို့သစ် အထက ၂အနားက အိမ်ရာ ဝန်းထမ်းတွေကို ပြီးခဲ့တဲ့၆ရက် နေ့လောက်ကတည်းက ဖယ်ခိုင်းတာတာ။ အခုလက်နက်ကြီးတပ် အထိုင်ချတပ်စွဲထားတယ်။ အဲ့ဒီ တပ်စိတ်က ဘားတောင်က ခွဲထွက်လာတဲ့ တပ်စိတ်၊ ဝန်ထမ်းအိမ်ရာထဲမှာဝန်ထမ်းတွေမနေရဲ တော့ဘူးလေ။ အနီးအနားကရပ်ကွက်ကလည်း ကြောက်နေ၇တယ်” ဟု ဒေသခံတစ်ဦးမှပြောသည်။

ယခုကဲ့သို့ သံတွဲမြို့ပေါ် လူနေရပ်ကွက်အနီးရှိ အစိုးရဝန်ထမ်းအိမ်ရာ၌ စစ်ကောင်စီ၏လက်နက်ကြီး တပ် လာရောက် တပ်စွဲသည့်အတွက် ရပ်ကွက်နေပြည်သူများ စိုးရိမ် ကြောက်လန့်လျက်ရှိကြောင်းသိ၇သည်

သံတွဲတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးတပ်ဆင်ခြင်းများသည် ယခင်က မြို့ပြင်၌သာရှိနေခဲ့ရာမှ ယခု သံတွဲမြို့အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိ၇သည်။

သံတွဲမြို့ရှိဌာနဆိုင်ရာဝန်ထန်းများထဲမှ ၁၁ / မှတ်ပုံတင်မဟုတ်သော ဝန်ထမ်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ စစ်ကောင်စီက ပြန်ခိုင်းသော်လည်း ဒေသခံဝန်ထမ်းများ ကိုမူ စစ်ကောင်စီမှရုံးတက်ခိုင်းထားကြောင်း သိ၇သည်။

“အခု ဒေသခံဝန်ထမ်းတွေရုံးတက်၇တယ်။ အဆင်ပြေသလို လာတက်ကြတယ်။ အဝေးကလူတော့ တစ်ပတ်၁ရက်လောက်ပဲ လာခိုင်းတာ။ သံတွဲမှာ မရှိသူက ပျက်ကွက်ပေါ့၊ အိမ်ရာတွေမှာကတော့ ဌာနအစုံကဝန်ထမ်းတွေနေကြတာ။ နယ်ခံများပါတယ်။ အဝေးကလူလည်း ရှိတာပေါ့” ဟုအမည် မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ နိရဉ္စရာ သို့ပြောသည်။

သံတွဲမြို့ရှိ ဒွါယာ၀တီ ကွက်သစ်ရှိဝန်ထမ်းအိမ်ရာ၊ စာနီတောင်အနီးရှိဝန်ထမ်းအိမ်ရာ၊ ဗိုလ်ကုန်းရှိ ဝန်ထမ်း အိမ်ရာတို့တွင်နေထိုင်သော ဝန်ထမ်းများအား စစ်ကောင်စီမှဇွန်လ ၆ ရက်တွင် ပြောင်းရွှေ့ခိုင်ခဲ့ခြင်း ဖြစ်ပြီး  သစ်တောဌာနဝန်ထမ်းများ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ထမ်းများ၊ထွေအုပ်ဌာနဝန်ထမ်းများ၊စိုက်ပျိုးရေးဌာနဝန်ထမ်းများ၊အိုးအိမ်ဝန်ထမ်းများပါဝင်ကာတချို့ကို ပြန်လည်နေထိုင်ခွင့်ပေးထားကြောင်းသိ၇သည်။

သံတွဲတိုက်ပွဲအခြေအနေကြောင့် သံတွဲမြို့ရှိဌာနဆိုင်ရာမှဗမာလူမျိုး ဝန်ထမ်းတချို့သည် ရန်ကုန်မြို့သို့ ပြောင်းရွှေ့သွားကြပြီးဖြစ်ရာလက်ရှိတွင်ရခိုင်ဒေသခံ ဝန်ထမ်းအများစုဖြင့် လည်ပတ်နေခြင်း ဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းမှသိ၇သည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.