Preview

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲ AA မှ ကူတိုက်ပေးနေ

ဇွန် ၁၄/ ၂၀၂၄ | ကြည့်ရှုသူ :2044
ရခိုင် သတင်း

အေးမြတ်ခိုင်၊ နိရဉ္စရာ၊ ဇွန်လ ၁၄/၂၀၂၄

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ကို အာရက္ခတပ်တော်( AA)မှ ကူညီပြီး တိုက်ပေးနေကြောင်း အေအေသတင်းရင်းမြစ်ကနိရဉ္စရာသို့ ပြောသည်။

 " ကျနော်တို့ မတူပီမြို့သိမ်းနိုင်ဖို့ ကူညီနေတာ ရှိတယ်။ ဗျူဟာတွေ ဘာတွေသိမ်းပြီးရင် သူတို့ အုပ်ချုပ်ရေးကဏ္ဍတွေလုပ်ဆောင်နိုင်သွားမှာပါ"ဟုအေအေသတင်းရင်းမြစ်က ပြောသည်။

 

မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် ဇွန်လ ၉ ရက်တွင် ယောတပ်မတော်  Yaw Army အပါအဝင်တခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း ချင်းညီနောင်အဖွဲ့က ယမန်နေ့ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။

 

 မတူပီမြို့သည် အေအေ သိမ်းပိုက်ထားသည့် ပလက်၀မြို့နှင့် ဆက်စပ်နေသည့်မြို့တမြို့လည်း ဖြစ်သည်။

 

လက်ရှိတွင် မတူပီမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ရရှိထားပြီး ခလ၇-၃၀၄ တပ်ရင်းစခန်းကိုလည်း ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေသည်ဟု သိ၇သည်။

 

မတူပီမြို့သိမ်းတိုက်ပွဲပြင်းထန်နေ၍ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ ဆက်တိုက် ဗုံးကြဲကာခုခံမှုများရှိနေသည်ဟု ဒေသတွင်း သတင်းများအရ သိ၇သည်။

ဓာတ်ပုံ- CDF Matupi 

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.