လူထက်နိုင်နှင့် သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၃/၂၀၂၄
ပလက်၀ဒေသအပါအဝင် မြို့နယ် (၁၀) ခုကို သိမ်းပိုက်ပြီးနောက်နောက်ထပ် စစ်ရေးနှင့် စီးပွားရေး အရ အရေးပါသည့် နောက်ထပ် မြို့နယ် (၃) ခုကို သိမ်းပိုက်ရန် အာရက္ခတပ်တော်ကစစ်ရေးအရှိန်မြင့်တင် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
လက်ရှိ ထိုးစစ်အရှိန်မြင့်တင်နေသည့် မြို့နယ် (၃) ခုမှာ ရခိုင်ပြည်အနောက်ဘက်အစွန်ဆုံး ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ကုန်သွယ်ရာတွင် စီးပွားရေးအရ အဓိကအချက်အချာကျသည့် မောင်တောမြို့ ၊ လက်ရှိ ရခိုင်ပြည် စစ်ကောင်စီ၏ အဓိက စစ်ရေးဗဟိုချက်မဖြစ်သည့်အနောက်ပိုင်းတိုင်း စစ်ဌာချုပ် အခြေစိုက်သည့် အမ်းမြို့နှင့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းနှင့်နာမည်ကျော် ငပလီကမ်းခြေတည်ရှိရာ ခရိုင်မြို့တစ်မြို့ ဖြစ်သည့် ဒွာ၇၀တီ သံတွဲမြို့တို့ဖြစ်ကြသည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အဓိက အချက်အချာကျသည့်မြို့များကို သိမ်းပိုက်ရရှိပြီးနောက် ဒုတိယအဆင့်အနေဖြင့် ရခိုင် အရေးပါသည့် မောင်တော၊အမ်းနှင့် သံတွဲတို့ကို စစ်ရေးအ၇ ဖြန့်ကျက်ကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန်ပြုလာခဲ့သည်။
စစ်ကောင်စီမှလည်း အဆိုပါ မြို့များ အာရက္ခတပ်တော်လက်ထဲ ကျရောက်မသွားရန်ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီး ခုခံကာကွယ်နေသည်ဟု သိရသည်။ သို့သော်လည်း စခန်းများကိုတစ်ခုပြီး တစ်ခု အာရက္ခတပ်တော်က သိမ်းပိုက်နေပြီး တိုက်ပွဲများမှာ မြို့များအနီးသို့ချဉ်းကပ် ရောက်ရှိလာနေသည်ဟု သိ၇သည်။
မောင်တော
လက်ရှိတိုက်ပွဲဝင်နေသည့် မောင်တောမြို့နယ်တွင် မောင်တောမြောက်ပိုင်းမှအရေးပါသည် တောင်ပြို (လက်ဝဲ၊ လက်ယာ)၊ ခမောင်းဆိတ်၊ ကြိမ်ချောင်း၊ ကျီးကန်းပြင်၊ လှဖိုးခေါင်၊ ငခူရ စသည့် စခန်းကြီးအများအပြားကိုထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း မောင်တောမြို့နယ် တောင်ပိုင်းမှအင်အားကြီးစခန်းများဖြစ်ကြသည့် အင်းဒင် ကျောက်ပန္ဒူ၊ မြင်းလွှတ်၊ မော၇၀တီ၊ အလယ်သံကျော်စသည့် စခန်းကြီးများကိုပါဆက်တိုက်သိမ်းပိုက်ခဲ့သည်။
လက်ရှိ တွင် မောင်တောအနီးရှိ နခေါင်းတို၊ ပဒင်း စခန်းများကိုထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောကြားသည်။
မကျည်းချောင်း မွတ်ဆလင်ကျေးရွာ ဒေသခံတစ်ဦးက "အလယ်သံကျော်စခန်းကို ဇွန် ၁၂ ရက် ညမှာသိမ်းလိုက်ပြီလို့ သိရပါတယ်။ အခုလက်ရှိ နခေါင်းတိုစခန်းနဲ့ ပဒင်းစခန်းတွေကို ဒီနေ့မနက်မှာ ဆက်ပြီး ထိုးစစ်ဆင်တိုက်နေကြတယ်။ အခုအချိန်ထိတိုက်တုန်းပါ "ဟုနိရဉ္စရာ သတင်းဌာနကို ပြောကြားထားသည်။
၎င်း နခေါင်းတိုနှင့် ပဒင်းစခန်းတို့သည် စခန်းငယ်များဖြစ်ကြပြီးမောင်တောမြို့တောင်ဘက် မိုင်အနည်းငယ်အကွာတွင် တည်ရှိသည့် စခန်းငယ်များဖြစ်ကြသည်။ မောင်တောမြို့ထဲအာရက္ခတပ်တော် ဝင်မလာနိုင်အောင် တံတား ၆ စင်းကို စစ်ကောင်စီနဲ့ မဟာမိတ် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေက ချိုးဖျက်လိုက်ပြီလို့ သိ၇ပါတယ်။
လက်ရှိဖြစ်ပေါ်နေသောစစ်ရေးအရ အာရက္ခတပ်တော်သည် မောင်တောမြို့ အား ဝိုင်းရံထားသော စစ်ကောင်စီ စစ်စခန်းများအား တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီးများမကြာမီ မောင်တောမြို့ပေါ်အား ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများလည်းထွက်ပေါ်နေသည်။
အမ်း
အလားတူ အမ်းမြို့နယ်တွင်လည်းအာရက္ခတပ်တော်က ထိုးစစ်တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေပြီး တောဟိန်းတောင် အနီးဝန်းကျင်တွင်တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သိ၇သည်။
အမ်းမြို့နယ်၊ကဇုကိုင်းကျေးရွာအနီးရှိတောဟိန်းတောင်ဗျူးဟာကုန်းအနီးအနားကို အာရက္ခတပ်တော်မှထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲမှာ အရှိန်အဟုန်မြင့်နေပြီးအေအေက အသာစီးရနေသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးကနိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" တောဟိန်း တောင် အပေါ်ကုန်းကိုထိုးစစ်ဆင်နေတာ သုံးလေးရက်လောက် ရှိနေပြီ။ တိုက်ပွဲက အရှိန်မြှင့်နေတယ်။တပ်တော်ဖက်ကတော့အသာစီးရနေတယ် " ဟုပြောသည်။
အမ်းတောဟိန်းတောင်နှင့် ကဇုကိုင်းကျေးရွာ အနီးတဝိုက်ကို အမ်းအခြေစိုက်လေကြောင်း ကာကွယ်ရေးတပ်မှ လက်နက်ကြီးနှင့်ပစ်ခတ်ပြီးဂျက်ဖိုက်တာများဖြင့် လက်နက်များ ပစ်ခတ်သဖြင့် မြေပုံမြို့နယ်၊အင်ကြင်းရွာဒေါ်ဝင်းဝင်းသန်း အသက်(၄၂)မှာ ဒဏ်ရာရရှိခဲ့သည်ဟုအမ်းမြို့မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" စစ်ကောင်စီဖက်ကလက်နက်ကြီးတွေလည်းပစ်တယ်။ လေကြောင်းကလည်းပစ်တယ်။ မနေ့က မနက် ၆နာရီမှာ အသက်၄၀ ကျော် အရွယ်အမျိုးသမီးတစ်ယောက်ဒဏ်ရာရသွားပါတယ်"ဟု သူမကပြောသည်။
လက်ရှိတွင် တောဟိန်းတောင်ဗျူဟာကုန်းကိုအာရက္ခတပ်တော်မှ ၉၀ ရာခိုင်နူန်းခန့် အသာစီး ရရှိနေပြီး စစ်ကောင်စီဘက်မှအထိနာကာ ကစဉ့်ကလျားထွက်ပြေးလျက်ရှိကြောင်းသိ၇သည်။
ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်းစစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်ဟု အေအေ၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
သံတွဲတိုက်ပွဲ
သံတွဲမြို့ကို ဦးတည်သော AA ၏ထိုးစစ်သည် ယခုအခါ သံတွဲမြို့အနားထိ နီးကပ်လာခဲ့ပြီဖြစ်သည်။ လက်ရှိ တိုက်ပွဲများမှာ သံတွဲမြို့ မဇင်လေဆိပ် အနီးဝန်းကျင်တွင် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊လေဘက်စုံသုံးပြီး ခုခံကာကွယ်နေသည်။
သံတွဲမြောက်ပိုင်း အာရက္ခတပ်တော် ထိန်းချုပ်ကျေးရွာများကို စစ်ကောင်စီမှ စစ်ဆင်ရေး ဖော်ဆောင်ရန် တပ်အင်အားဖြည့်တင်း နေပြီး မြို့တွင်း၌ ခံစစ်ကို ပြင်ဆင်ထားကြောင်း ဒေသခံများမှ နိရဉ္စရာ သို့ပြောသည်။
သံတွဲမြို့သို့ ဧရာ၀တီတိုင်းမှ စစ်အင်အားများ ရောက်ရှိနေကာ မြို့တွင်း၌ ကင်းပုန်းများဝပ်ခြင်း၊ရွှေ့လျာ
“ မြို့တွင်းကို အေအေဝင်လာမှာသိလို့ မြို့ကို ခံစစ်ပြင်ထားတယ်၊ ကင်းပုန်းတွေနေရာအနံ့ပဲ။ မြို့ပေါမှာလည်းလူကနည်းသွားပြီ
သံတွဲမြောက်ပိုင်း ကျေးရွာ ၁၀ ရွာခန့်ကို စစ်ကောင်စီတပ်မှ လက်လွတ်ထား၇ပြီး တောင်ကုတ်-သံတွဲ လမ်းရှိ သံတွဲမြို့နှင့် ရ မိုင်အကွာ ခရမ်းမော်ကျေးရွာအထိ စစ်ကောင်စီတပ်များ မသွားရောက်နိုင်တော့ကြောင်း ဒေသခံများကဆိုသည်။
“ ရွှေလှေတိုက်နယ် တစ်ခုလုံးအေအေ ထိန်းထားပြီ၊ပြည်သူတွေ လည်းကြည်ဖြူကြတယ်။ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတာတွေ ကိုစိုးရိမ်တယ်၊ ဆင်ခေါင်း အဲ့လို့ဖြစ်တာ၊သံတွဲက စစ်ကောင်စီသတင်းပေးတွေလည်းများ
လက်ရှိအခြေအနေအရ အာရက္ခတပ်တော်သည် သံတွဲမြို့ မြောက်ဘ ဆယ်မိုင်အကွာ အဝေးသို့ ထိန်းချုပ်ထားသည်ဟု ပြောနိုင်ပြီ စစ်ကောင်စီသည်သံတွဲမြို့ ထွက်၀ အနီးရှိ ဝါးနွယ်ပြင်ကျေးရွာတွင် တပ်စွဲထားကြောင်း ဒေသခံတစ်ဦးကပြောသည်။
အာရက္ခတပ်တော်သည် သံတွဲမြို့လေယာဉ်ကွင်းအားဦးတည်
ဇွန်၉ ရက် ယနေ့ မွန်လွဲအချိန်ကစပြီး င၏ပလီ၊သံတွဲလေဆိပ်အနောက်ဘက်၌ အာရက္ခတပ်တော် (AA)နှင့်စစ်ကောင်စီတပ်ဖွဲ့ကြား ထိတွေ့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။
တိုက်ပွဲများသည်သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃)ကီလိုမီတာ အကွာအဝေးနှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင်၂၀၂၄ ခုနှစ်၊ ဇွန်လ (၂/၃) ရက်နေ့များ၌တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့သည်ဟုAA၏ သတင်းထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
ရန်သူသည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃)စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့်၎င်းနေရာအား အသည်းအသန် ခုခံနေခဲ့သော်လည်းအာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှအထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိသည်ဟု ဇွန် ရ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သံတွဲ၊ ဂေါ့ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအားမိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူအလောင်းအမြောက်အမြားနှင့်လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက်လိုက်လံရှင်းလင်းလျက်ရှိသည်။
ဤတိုက်ပွဲဖြစ်ပွားနေသောနေရာများသည်သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅)ကီလိုမီတာခန့်သာ ကွာဝေးသည်။