Preview

မောင်တောမြို့သိမ်းတိုက်ပွဲပြင်းထန်

ဇွန် ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :4069
ရခိုင် သတင်း

(နခခ(၅)မကျစေရန် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ညအချိန် ဗုံးကြဲတိုက်ခိုက်) 

နောင်မင်းသူ၊ နိရဉ္စရာ၊ဇွန် ၁၆/၂၀၂၄

ရခိုင်ပြည်အနောက်ဘက် နယ်စပ် မောင်တောမြို့ အနီးရှိ နခခ (၅) ကို အာရက္ခတပ်တော်(AA) က ဝင်တိုက်ရာ တိုက်ပွဲမှာ တညလုံးနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ဂျက်လေယာဉ်နှစ်စီးဖြင့် အဆိုပါ စခန်းမကျစေရန် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။

မောင်တော ဒေသခံ တစ်ဦးက "တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်။ မနေ့က ညနေ ၃ နာရီ ကတည်းက တိုက်ပွဲစဖြစ်တာ။ ည ၁၁ နာရီကျော်လည်း မပြီးသေးကြဘူး။ ညသန်းခေါင် ကျော်တော့ ပိုပြီး ပြင်းထန်လာတယ်။ နခခ(၅)အခြေအနေမလှတော့ မနက်ညဉ့် အစောကြီး  ၂ နာရီ ၁၀ မိနစ်မှာ ဂျက်တိုက်လေယာဉ် ၂ စီးလာပြီးဗုံးကြဲတာ။ မောင်တောမြို့ပေါ်ကနေ အိမ်တွေတုန်ခါသွားတယ် "ဟု ပြောကြားသည်။

မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်ရှိ   နယ်ခြား စောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၅)အားအာရက္ခတပ်တော်မှ ဇွန်လ ၁၅ ရက်ညနေ ၃ နာရီမှစပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်ဟု သိ၇သည်။

"တိုက်လေယာဉ်နဲ့ ဗုံးချတာက နခခ(၅) မြောက်ဖက်က ဟာလာတုလီ(မွတ်ဆလင်)ကျေးရွာ နဲ့ ဇူလ(မွတ်ဆလင်) ကျေးရွာအကြားကိုလည်း ချတာ။ အဲ့ဒီရွာတွေမှာ စစ်တပ်နဲ့မွတ်ဆလင် စစ်သားတွေ စခန်းချထားတယ်။ အဲ့ဒါကို အေအေ ကထိုးစစ်ဆင်တိုက်ခိုက်တယ်။ စစ်ကောင်စီတပ်တွေ အထိ နာခဲ့တယ်။ နခခ(၅)လည်း ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံလာ၇တော့ တိုက်လေယာဉ် ခေါ်ပြီး ဗုံးကြဲခိုင်းတာ"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လေယာဉ်ဖြင့် ဗုံးလာကြဲပြီးနောက် နှစ်ဖက် ပစ်ခတ်သံများရပ်တန့်သွားကြောင်း သိရှိ၇သည်။

မောင်တောရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းနှစ်ခုဖြစ်သည့် ၄ မိုင်အခြေစိုက် နခခ(၂)နှင့် မြို့ပေါ်က  ၂မိုင်ခန့် အကွာရှိ မြို့သူကြီးအခြေစိုက် နခခ(၅) နယ်ခြားစောင့် ရဲတပ်ရင်းနှစ်ခုအား အာရက္ခတပ်တော်မှ ဇွန်လ ၁၅ ရက် နံနက်မှစတင်ပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.