Preview

ကျောက်ဖြူဓည၀တီရေတပ်စခန်းအနီးတွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို AA မှ ကြားဖြတ်တိုက်ခိုက်

ဇွန် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :3167
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇွန် ၁၇/ ၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို အာရက္ခတပ်တော် (AA) မှ ကြားဖြတ် တိုက်ခိုက်ခဲ့သဖြင့်  ၄ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိ၇သည်။

ကျောက်ဖြူမြို့နယ် ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ တစ်မိုင်ခန့်အကွာ သစ်ပုတ်တောင် ကျော်လမ်းတွင် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၆နာရီခန့်က စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီနှင့် စစ်သင်တန်းဆင်းမွတ်ဆလင် အင်အား ၁၀၀ ကျော် ခန့်ကို အာရက္ခတပ်တော်မှကြားဖြတ် ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း  စစ်ရေး သတင်းရင်းမြစ် တစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ စစ်သားတွေနဲ့စစ်သင်တန်းဆင်းမွတ်ဆလင်တွေ ပါဝင်တဲ့ စစ်ကြောင်းကို အေအေက ကြားဖြတ်ဝင်တိုက်တာ။ စစ်ကောင်စီဘက်က အင်အား ၁၀၀ကျော်လောက်ရှိမယ်။ သူတို့ကို အေအေက ကြားဖြတ်ဝင်ရောက်တိုက်ခိုက်တာမို့ အကျအဆုံး ရှိတယ်လို့ သိ၇ပါတယ်။ တိုက်ပွဲလည်း ပြင်းထန်ခဲ့တယ်။ ၁၀နာရီအထိဖြစ်ခဲ့တယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း  စစ်ကောင်စီဘက်က အထိနာ အကျအဆုံးများနေသဖြင့် ကျောက်ဖြူ ရဲတပ်ရင်း(၃၂)နှင့် နှမ်းဖဲတောင်တွင် တပ်စွဲထားသည့်စစ်ကောင်စီ လက်နက်ကြီးစခန်းများမှ တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။ 

လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ ရွာကနေထွက်ပြေးနေရကြောင်း  မိကျောင်းတက် ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ လက်ရှိ ရဲတပ်ရင်းနဲ့  နှမ်းဖဲတောင်ကလည်း လက်နက်ကြီးပစ်တယ်။ ဒရုန်းတွေနဲ့လည်း ပစ်နေလို့ ရွာသားတွေ ထွက်ပြေးနေ၇ပါတယ်” ဟုပြောသည်။

ထွက်ပြေးနေကြရသည် ကျေးရွာများမှာ လက်ရှိတွင်တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတွင် တည်ရှိသည့်  ခန္တီးကျေးရွာ၊ မိကျောင်းတက်ကျေးရွာ၊ ဇိုင်ချောင်းနှင့်သိုင်းချောင်းကျေးရွာတို့ဖြစ်ကြသည်ဟု သိ၇သည်။

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.