အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

မြန်မာစစ်အစိုးရနှင့် ပုလဲလုပ်ငန်း ပူးပေါင်းလုပ်ကိုင်နေသည့် TASAKI ၏ လုပ်ငန်းများ အဆုံးသတ်ရန် JFM က တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၄

မြန်မာစစ်အစိုးရနှင့် ပုလဲလုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်နေသည့် TASAKI ကုမ္ပဏီ အနေဖြင့် ၄င်း၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် လုပ်ငန်းအားလုံးကို အဆုံးသတ်ရန် လူ့အခွင့်အရေးအဖွဲ့ JFM က တောင်းဆိုလိုက်သည်။

ဂျပန် TASAKI ကုမ္ပဏီ သည် အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့မှ ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာစစ်အစိုးရပိုင် ပုလဲလုပ်ငန်း (MPE) နှင့် ဆက်လက်ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်ဟု JFM ကဆိုသည်။

TASAKI နှင့်ယင်းကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံထားသူများသည် စစ်အာဏာရှင်တို့ နှင့် လုပ်ငန်း အားလုံးကို တာဝန်သိစွာ အဆုံးသတ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာကြရန် JFM က တောင်းဆိုလိုက်သည်။

ထို့အပြင် TASAKI သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (Myanma Pearl Enterprise- MPE) နှင့် အခြားသော စစ်အစိုးရထိန်းချုပ်ထားသော အဖွဲ့အစည်းများနှင့် ၎င်း၏ အရောင်းအ၀ယ်များကို လူသိရှင်ကြား ထုတ်ဖော်သင့်ကြောင်းလူ့အခွင့်အရေး အဖွဲ့ တစ်ခုဖြစ်သည့် Justice For Myanmar (JFM) က ဇွန်လ​ ၁၇ရက် တွင်ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင်အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

MPE ၏ ထုတ်ပြန်ချက်အရ ပုလဲထုတ်လုပ်မှု ခွဲဝေပေးရေး သဘောတူညီချက် အရ ပုလဲထွက်ကုန်၏ ၂၀%မှ ၂၅% ထိကို MPE က ရရှိနေမှုအပါအ၀င် စစ်အာဏာရှင်များသည် ပုလဲလုပ်ငန်းမှရရှိသော ၀င်ငွေများမှ အကျိုးအမြတ်များစွာကိုရရှိနေသည်။

ပုလဲလုပ်ငန်းနှင့်ပတ်သက်သည့် အကောက်ခွန်များ၊ အခြားအခွန်အခများနှင့် ထပ်ဆင့်အချော ထုတ်လုပ် ပေးနိုင်သည့် နည်းပညာလွှဲပြောင်းမှုတို့မှလည်း စစ်အစိုးရသည် အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း Justice For Myanmar (JFM) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ