ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇွန် ၁၇ / ၂၀၂၄
ရခိုင်ပြည်၊တောင်ကုတ်မြို့တောင်ကုတ်တက္ကသိုလ်ဝင်းထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး တက္ကသိုလ်သင်တန်းရေးရာဌာနမှူးနေအိမ်နှင့်ကားတစ်စီးပျက်စီးသွားကြောင်းသတင်းရရှိသည်။
ယနေ့ဇွန်လ၁၇ ရက်၊နေ့လယ်တစ်နာရီခွဲတွင် စကခ(၅)လက်အောက်ခံတပ်ရင်းများကတောင်ကုတ် တက္ကသိုလ်နောက်ကျော တိမ်းချောင်းဒေသဘက်ကို လက်နက်ကြီးလှမ်းပစ်ခတ်ရာမှ တက္ကသိုလ်ဝင်းထဲ ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။
" စကခ ၅ ရဲ့တပ်ရင်းတွေကတက္ကသိုလ်နောက်ကျောဘက်ကို လက်နက်ကြီးလှမ်းပစ်တာ။ တက္ကသိုလ် ဝင်းထဲကျကွဲတယ်။ သင်တန်းရေးရာဌာနမှူးရဲ့အိမ်နဲ့ရှေ့မှာရပ်ထားတဲ့ ကား ပျက်စီးသွားတယ်" ဟု သူကပြောသည်။
လက်နက်ကြီးကျပျက်စီးသွားသည့်ကားမှာသင်တန်းရေးရာဌာနမှူး ဦးအောင်စိုး၏ ကားဖြစ်ကြောင်း၊ လူအထိအခိုက် မရှိကြောင်း သိ၇သည်။
တောင်ကုတ်တက္ကသိုလ်နောက်ဘက်တိမ်းချောင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီ လက်နက်ကြီးတပ်ကို အာရက္ခတပ်တော် AAကဇွန်လ ၁၅ ရက်ညပိုင်းကစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံနေသည်။
တိုက်ပွဲနှင့်မသက်ဆိုင်သည့်နေရာများသို့လည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ်မှုနှင့် တိုက်ခိုက်ရေးဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်နေပြီး ဇွန်လ ၁၅ ရက်ညအချိန်ကတောင်ကုတ်မြို့၊ရွာသစ်ကေကျေးရွာမှာ အသက် (၁ရ)နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာဝမ်းဗိုက်ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့သည်။
ဓာတ်ပုံ- Kaung Myat Htet