Preview

စစ်ကောင်စီက ပြန်လည်ထူထောင်ရေးခေါင်းစဉ်ဖြင့် ဆန် ၃၉၈၉၈ အိတ်ကို စစ်တွေသို့ ပို့ဆောင်

ဇွန် ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :4757
ရခိုင် သတင်း

(ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးခေါင်းစဉ်ဖြင့် ပစ္စည်းများပေးပို့နေသော်လည်း  စားဝတ်နေရေးကျပ်တည်းနေသော စစ်တွေလူထုအား ဖြန့်ဝေခြင်းမရှိဘဲစစ်တပ်အတွက်သာ အသုံးပြုနေဟု ဒေသခံများပြောဆို)

နိရဉ္စရာ၊ ဇွန် ၁၇/၂၀၂၄

စစ်ကောင်စီက ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးခေါင်းစဉ်ဖြင့် ဆန် ၂၄ ပြည်အိတ် ၃၉၈၉၈ အိတ်ကို သင်္ဘောနှင့်  ပို့ဆောင်ပေးခဲ့သည်ဟုဇွန် ၁၈ ရက်နေ့ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် သတင်း ဖော်ပြသည်။

ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၃၉၈၉၈ အိတ်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမှာယူသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လောင်စာတောင့်များနှင့်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စုစုပေါင်း ၂,၀၈၃ဒသမ ၄၄ တန်ကို ဇွန်လ ၁၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ  ရခိုင်ပြည်နယ်သို့ပြန်လည်ထူထောင်ရေး ပစ္စည်းများကိုရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့်ပို့ဆောင်ပေးလျက်ရှိသည်ဟုလည်း ဖော်ပြသည်။

၎င်းပစ္စည်းများအာ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး ခေါင်းစဉ်ဖြင့် စစ်ကောင်စီက ပေးပို့နေသော်လည်း စားဝတ်နေရေးကျပ်တည်းနေသောစစ်တွေလူထုအား ဖြန့်ဝေခြင်းမရှိဘဲ စစ်တပ်အတွက်သာ အသုံးပြုနေကြောင်း ဒေသခံများက ပြောသည်။

စစ်တွေ ဒေသခံတစ်ဦး “ အရင်ကလည်း ပြန်လည်ထူထောင်ရေးပစ္စည်းတွေကို စစ်တွေကို ပို့နေတာပါဘဲ။ ဒါပေမယ့် ပြည်သူတွေကို မျှဝေပေးတာက မရှိသလောက်ပါဘဲ။ရခိုင် ပြန်လည်ထူထောင်ရေး ခေါင်းစဉ်တပ်ပြီး အဓိက စစ်တပ်အတွက်ပို့နေတာပါဘဲ”ဟု ပြောသည်။

လက်ရှိစစ်တွေမြို့တွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ၂၅၀,၀၀၀ မှ ၂၇၀,၀၀၀  ဝန်းကျင်၊သီရိဒုံ(ဒေသအခေါ် ဆန်ချေ) တစ်အိတ်လျှင် ၂၀၀,၀၀၀ဝန်းကျင်နှင့် ကောက်ညှင်းဆန်တစ်အိတ်လျှင် ၁၈၀,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေကြောင်း၊ ဆန်ဈေးမှာ မတည်ငြိမ်ကြောင်း သိ၇သည်။

“ စစ်တွေမှာ ဆင်းရဲတဲ့ လက်လုပ်လက်စားတွေကအတော့်ကို အခက်အခဲဖြစ်နေကြတယ်။ ဆန်ဈေးက မိုးပေါ်ကို ထောင်တက်နေတော့ လက်လုပ်လက်စားတွေကအလုပ်လည်း မရှိသလို ဆန်တွေကို ဝယ်မစားနိုင်တော့ ငတ်နေကြရတဲ့သူတွေလည်းရှိတယ်။ တချို့ဆိုရင်တစ်ရက် တစ်နပ်ဘဲ စားနေကြ၇တယ်” ဟု ၎င်းက ဆက်ပြောသည်။

၇ခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မစ၍ ယနေ့ အထိ တပ်မတော်စစ်ရေယာဉ်များ အပါအဝင် ရေယာဉ်၄၇ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေး ပစ္စည်း၊လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ် ရေးပစ္စည်း စုစုပေါင်း ၆၉,၈၂၅ ဒသမ ၃၆ တန်နှင့် ဒီဇယ် ၂၄၉,၇၆၂ ဂါလန်၊ Octane92 ၁၉၉,၈၈၆ ဂါလန်ကို ပို့ဆောင်ပေးခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ (Photo by NPE) ပုံဟောင်းသာ

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.