Preview

တောင်ကုတ် ပန်းတင်ကျွန်းကို စစ်ကောင်စီ လေတပ်မှ ဗုံးလာကြဲ၍ ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား

ဇွန် ၁၈/ ၂၀၂၄ | ကြည့်ရှုသူ :2236
ရခိုင် သတင်း

သဥ္ဇာနွယ်/နိရဥ္စရာ၊ ဇွန်၁၈/ ၂၀၂၄

၇ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းကို မကွေးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ အမျိုးသမီး ၂ဦးနှင့် အမျိုးသား ၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်၊ ပန်းတင်တိုက်နယ် ပန်းတင်ခုံဘုရားကုန်းအနီးတစ်ဝိုက်နှင့် ကျေးရွာ အနီးအနား တစ်ဝိုက်ကို ယနေ့ဇွန်လ ၁၈ ရက်နေ့ နံနက် ၉နာရီဝန်းကျင်က မကွေးဖက်မှ တက်လာသည့် စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစ်စီးဖြင့် လာရောက်ဗုံးကြဲခဲ့၍  ရွာထဲသို့ ကျရောက် ပေါက်ကွဲကာ လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ ဒီနေ့မနက်က ရုတ်တရက်ကြီး ဗုံးလာကြဲတော့ ရွာထဲက လမ်းမှာ သွားနေကြတဲ့ သူငယ်ချင်း မိန်းကလေးနှစ်ယောက် ကိုကျည်စထိမှန်သွားပြီး ပွဲချင်းပြီးသေသွားပါတယ်။ အသက်ကြီး အမျိုးသမီးကြီးတစ်ယောက်လည်း ပွဲချင်းပြီးသေသွားတယ်။ မိန်းကလေး တစ်ယောက်ကတော့ အရင်နှစ်က ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်တဲ့သူ တစ်ယောက်ပါတယ်။ ပြီးတော့ တစ်ရွာထဲက နောက်ထပ် ယောကျာ်း ၁ ယောက်သေသွားတယ်။ ဗုံးက ၃ လုံးအထိ ကျတယ်။ ဒဏ်ရာ၇တဲ့သူလည်းများနေတယ်”ဟုပြောသည်။

ယင်းအပြင် တောင်ကုတ်- ရမ်းဗြဲကြားတွင် ရပ်ထားသည့် နေဗီမှ လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသဖြင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများ၏ ရုပ်အလောင်းကိုပင် မကောက်ယူနိုင်သေးဘဲ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တောင်ကုတ် ဒေသခံ အမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အခု မနက် ၁၁နာရီကျော်မှာ နေဗီကလည်း ပစ်နေတယ်။ ဗုံးကြဲပြီး မကြာသေးဘူး နေဗီကလည်း ထပ်ပစ်တော့ ရွာသားတွေက အလောင်းကိုတောင် မကောက်နိုင်သေးဘူး”ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလိုရုတ်တရက် စစ်ကောင်စီမှ ဗုံးလာကြဲသည့်အပြင် နေဗီကပါ လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ပန်းတင်၊ ကံဆိပ်တောင် ဒေသခံကျေးရွာသားများမှ ထွက်ပြေး တိမ်းရှောင်နေရပြီး စိုးရိမ်ကြောက်လန့်နေရကြောင်း သိ၇သည်။

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.