အေးမြတ်ခိုင်၊ နိရဥ္စရာ ၊ ဇွန်လ ၁၈/၂၀၂၄
အစ္စလာမ်ဘာသာရေးပွဲတော်ကုရ်ဘာနီနေ့ အထိမ်းအမှတ်အဖြစ်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော်(ULA/AA) မှ ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှ အစ္စလာမ်ဘာသာဝင်များအား ငွေကြေးနှင့် နွားများအား ထောက်ပံ့ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိ၇သည်။
ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက “ကုရ်ဘာနီနေ့ အထိမ်းအမှတ်အနေနဲ့အစ္စလာမ်ဘာသာဝင်တွေကို လှူဒါန်းခဲ့တာ ရှိပါတယ်။ နွားတွေကိုတော့ရွာကြီးရင် ကြီးသလို လှူဒါန်းတာရှိတယ်။ ငွေကြေးကတော့ သက်ကြီးရွယ်အိုတွေနဲ့ထိခိုက်ဒဏ်ရာရထားတဲ့ အမျိုးသမီးတွေကို ကူညီထောက်ပံ့တာပါ” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
၎င်းလှူဒါန်းမှုအား ယနေ့ ဇွန်လ၁၈ ရက်တွင် ဘူးသီးတောင်မြို့ အမှတ်(၅) ရပ်ကွက်အပါအဝင် စုရပ် (၉) ခုမှာအခမ်းအနားကျင်းပကာ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။
အဆိုပါအခမ်းအနားကို အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ
(ဓာတ်ပုံ- ArakanPrincess Media)