သဉ္ဇာနွယ်/ နိရဉ္စရာ၊ ဇွန် ၁၉/၂၀၂၄
အပြောင်းတင်ထားခြင်း မရှိသလို တစုံတရာ မေးမြန်းခြင်းလည်း မရှိဘဲ ရခိုင်ပြည်မှ အထက်တန်းပြ ဆရာ/ ဆရာမ ၆၀၀ အား ပြည်မဖက်သို့ အတင်းအကျပ် ပြောင်းရွေ့ခံထားရသည့် စာရင်းထွက်နေကြောင်း သတင်းရရှိသည်။
၎င်းစာရင်းကို စစ်တွေမြို့၊ ပြည်နယ်ပညာရေးမှူးရုံးတွင် ကပ်ထားသည်ဟု ပညာရေးဝန်ထမ်း အမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။
" တကယ်ပြောင်းရွှေ့ခံရတာ။ အခုလက်ရှိ အထက်တန်းပြ (၆၀၀)လောက်ပြောင်းရွေ့
ရခိုင်မှ အထက်တန်းနှင့် အလယ်တန်း ကျောင်းဆရာ ဆရာ ဆရာမ ၁၂၀၀ ပြောင်းရွှေ့ခံရသည်ဟု သတင်း ထွက်နေသော်လည်း လက်ရှိ ကပ်ထားသည့် စာရင်းတွင် ဆရာ ဆရာမ ၆၀၀ သာပါဝင်ပြီး ပြောင်းရွေ့ရမည့်ဒေသမှာ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း
ဧရာ၀တီတိုင်း ဘိုကလေးမြို့ကို ပြောင်းရွေ့ခံရမည့် ပညာရေးဝန်ထမ်း ဆရာမတစ်ဦးက " အစိုးရက လစာမပေးတာလည်း တော်တော်ကြာပြီ။ လစာမပေးချင်လို့ လုပ်တာလား။ ဘာဖြ
ယခုလို့ နိုင်ငံရေးအကျပ်အတည်းကာလတွင် မိမိစိတ်ဆန္ဒမပါပဲ ပြောင်းရွေ့ခံရသဖြင့် စိတ်မကောင်းကြောင်း၊ ဝန်းထမ်းများအပေါ်အကျပ်ကိုင်သည်ဟု မြင်ကြောင်း၊ လစာ မပေးနိုင်သော ကြောင့် စေလွတ်ခြင်းဖြစ်သည်ဟု မြင်ကြောင်း၊ ပြောင်းရွှေ့ စာရင်း များကို အထက၊ အလက၊ အမက တစ်သုတ်ချင်းစီ ထုတ်ပေးမည်ဟု သိရကြောင်း အဆိုပါ ဆရာမက ပြောကြားသည်။
လက်ရှိ ၇ခိုင်ပြည်မှ မြို့နယ် ၉ခုနှင့် ချင်းပြည်နယ်မှ ပလက်၀ ဒေသကို အာရက္ခတပ်တော်မှ သိမ်းပိုက်ထားပြီး စာသင်ကျောင်းအများအပြားကို ပိတ်ထားရပြီး ဆရာ ဆရာမ ထောင်နှင့်ချီပြီး စာမပြရဘဲ ဖြစ်နေသလို လစာများလည်း မရဘဲဖြစ်နေကြသည်ဟု သိ၇သည်။
ယခုကိစ္စနှင့်ပက်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံးကို ဖုန်းဆက်ခဲ့သော်လည်း ဖုန်းဖြေဆိုခြင်းမရှိခဲ့ပါ။
ရခိုင်တွင် လက်ရှိဖြစ်နေသော တိုက်ပွဲများကြောင့် စစ်တွေမြို့ပေါ်ရှိ ဆရာ ဆရာမမများ အပါအဝင် အစိုးရဝန်ထမ်းများသည် လုံခြုံရေးစိုးရိမ်ရအလုပ်ကို စွန့်ခွာကာ သွားနေကြသူများ ရှိသလို ခွင့်မဲ့ ပျက်ကွက်သူလည်း များပြားနေသည်ဟု သိရသည်။
စစ်တွေမြို့တွင် လည်းတိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ထွက်ပြေးတိမ်းရှောင်နေသည့် ပညာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးပို
အာရက္ခတပ်တော်သိမ်းပိုက်ထား