Preview

မောင်တောအနီး လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး ၂ ဦး သေဆုံးပြီး ၁၀ကျော် ဒဏ်ရာရ

ဇွန် ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :1396
ရခိုင် သတင်း

အိမ်စိုးဖြူနှင့် နောင်မင်းသူနိရဉ္စရာ၊ ဇွန် ၁၉ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့အနီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၂ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဟာဘီကျေးရွာဒေသခံမွတ်ဆလင်တစ်ဦးက" လေကြောင်းကဟာဘီရွာကို ဗုံးချတာ ၂ ရက်ရှိပြီ။  ဇွန် ၁၈ ရက်နေ့က မနက်အာရုဏ်မှာလာချတယ်။ဒေသခံရွာသား ၂ ဦးပွဲချင်းပြီး သေဆုံးသွားတယ်။ ကလေးငယ် ၂ ဦးနဲ့အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်။ ဒီနေ့ဇွန်လ ၁၉ ရက်မနက် အာရုဏ်မှာလည်း ဂျက်တိုက်လေယာဉ်နဲ့ဗုံး ၂ လုံးလာကြဲချခဲ့တယ်။ ဒီနေ့တော့ ထိခိုက်ဒဏ်ရာရရှိမူတော့ မရှိခဲ့ဘူး။ လက်နက်ကြီးလည်း ဆက်တိုင်းအပစ်ခံနေ၇တယ်"ဟု ပြောကြားသည်။

ဇွန်လ၁၈ ရက် နံနက်အာရုဏ်၌ ဂျက်တိုက်လေယာဉ်ဖြင့်ဗုံးလာကြဲချမူကြောင့် မောင်တောမြို့အနီး သီဟိုဋ် ကျွန်းရွာအုပ်စု၊ ဟာဘီအနောက် (မွတ်ဆလင်)ကျေးရွာမှမာမတ်အီနူစ်(၃၅)နှစ်၊ အီလီယက်(၂၈)နှစ် တို့မှာပွဲချင်းပြီးသေဆုံးခဲ့၇သလို ခါစိန်နာ(၄၅ )နှစ် နှင့် အသက်(၁၀)နှစ် အရွယ် မွတ်ဆလင်ကလေးငယ်(၂)ဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှသိရှိ၇သည်။

၎င်းပြင် ဇွန်လ ၁၈ ရက်နေ့မွန်းတည်းပိုင်း၌ နခခ(၅)မှလက်နက်ကြီးပစ်ခတ်မူကြောင်း ကျီးကန်းပြင် အနီးရှိ အောင်ဇေယျ(ရခိုင်) ကျေးရွာမှ လူ ၆ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာ ၇သူများအထဲတွင် မောင်နှမ ၂ ဦး၊ လင်မယား ၂ဦးနှင့် ထိုကျေးရွာသို့ တိုက်ပွဲ ရှောင်လာသည့် ၄မိုင်သာယာကုန်းကျေးရွာမှ အမျိုးသမီး၂ ဦးတို့ ပါဝင်သည်။

၎င်းတို ဒဏ်ရာများမှာ  ပြင်းထန်ကြောင်း အောင်ဇေယျကျေးရွာ ဒေသခံများထံမှ သိ၇သည်။

"မနေ့ကမွန်းတည်းပိုင်းမှာ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးရွာအနီးကျရောက်ပြီးအမျိုးသမီး၄ ဦးနဲ့ အမျိုးသား၂ ဦးအားလုံး ၆ ဦးဒဏ်ရာရှိခဲ့ကြတယ်။တိုက်ပွဲလည်းဖြစ်တာမရှိဘူး။ဒီလိုလှမ်းပစ်တာ။ မနက်အာရုဏ်မှာလည်းဂျက်လေယာဉ်နဲ့ကျီးကန်းပြင် နဲ့ အောင်ဇေယျကြားကို ဗုံးလာချခဲ့သေးတယ်။ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ကြဘူး"လို့ အောင်ဇေယျရွာသားတစ်ဦးကပြောဆိုသည်။

အောင်ဇေယျကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ရက်တိုင်တိုင် လာရောက်ပစ်ခတ်သဖြင့်အမျိုးသမီးများအပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရှိခဲ့ကြပြီး၎င်းတို့မှာ မသန်းသန်းစိုး(၁၇)နှစ်၊ မလှညွှန့်အေး (၁၇)နှစ်၊ မသန္တာစိုး (၂၅)နှစ်၊ မောင်စောနိုင်ထွန်း(၂၀)နှစ်၊ ဦးအောင်ကျော်ထွန်း(၅၀)နှစ်နှင့် ဒေါ်မဖြူစိန်(၄၃)နှစ်တို့ဖြစ်ကြသည်။

နခခ(၅)မှပစ်ခတ်လိုက်တဲ့လက်နက် ကြီးကျဥ်တစ်လုံး ကျီးကန်းပြင် အနီးရှိ အောင်ဇေယျ ကျေးရွာသို့ ကျရောက် ပေါက်ကွဲတာကြောင်း မသန္တာစိုး၏ ခန္ဓာတစ်ခုလုံးတွင် လက်နက်ကြီးကျဉ်စများ ထိမှန်ဒဏ်ရာရရှိခဲ့သလိုသူမ၏မောင်ဖြစ်သူ စိုးနိုင်ထွန်း၏ဦးခေါင်းတွင်ကျဉ်စထိမှန်ဒဏ် ရာရရှိသည်။

ဇွန်လ၁၈ ရက်တစ်ရက်လုံးနီးပါးမြို့သူကြီးအခြေစိုက် နခခ(၅)မှ တိုက်ပွဲဖြစ်ပွါးနေတဲ့ မောင်တော တောင်ပိုင်းရှိ ညောင်ချောင်း၊ပန်းတောပြင်၊(မွတ်ဆလင်)ကျေးရွာများဖက်သို့ လက် နက်ကြီးများ ဆက်တိုက် ပစ်ခတ်ခဲ့သလိုမြောက်ပိုင်းရှိ ဟာဘီ၊ဇူလ၊ ဂွမ်ညှာစသည့်(မွတ်ဆလင်) ကျေးရွာများ သို့လည်းယနေ့ ဇွန်လ ၁၉ ရက်နေ့၌ လက်နက်ကြီးများပစ်ခတ်နေပြီး မနက်အာရုဏ်၌ ဟာဘီ(မွတ်ဆလင်) ကျေးရွာအနီး လေကြောင်းမှ ဗုံးကြဲချခဲ့ကြောင်း ဒေသခံများထံမှ သိ၇သည်။

ဓာတ်ပုံ-သက်လူငယ် (အောင်ဇေယျ ကျေးရွာ ဗုံးကြဲခံ၇၍အပျက်အစီး)

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.