သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇွန် ၁၉/၂၀၂၄
ရခိုင်ပြည်၊မြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီမှ ဗုံးလာကြဲသဖြင့် အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင်၂ ဦးသေဆုံးပြီး၅ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူ ၂ ဦးမှာ မောင်အောင်နိုင်ဦး အသက် (၁၁)နှစ်နှင့် ကိုဦးကြည်ရွှေအသက်(၂ရ)နှစ်တို့ ဖြစ်သည်။
ဒဏ်ရာ၇သူများမှာ မခင်စိုးချေ(၂၈)နှစ်၊မသီတာ (၂၃)နှစ်၊မခိုင်ခိုင်ဦး (၁၆)နှစ်၊ ဒေါ်မစိန် (၄၈)နှစ်နှင့် ဦးမောင်နိုင်ဦး (၄၈)နှစ်တို့ဖြစ်ကြသည်။
ယနေ့ဇွန်လ ၁၉ ရက် နံနက် ၁၁နာရီခန့်က ဂျက်ဖိုက်တာဖြင့် နှစ် ကြိမ်လာရောက်ပစ်ခတ်ခဲ့သဖြင့် ရွာအဝင်တံတားတွင်ကျရောက်ပေါက်ကွဲခဲ့ကာ လူများ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း မြေပုံဒေသခံအမျိုးသားတစ်ဦးကနိရဉ္စရာ ကိုပြောသည်။
" ထမင်းစားပြီးတော့ရွာသူရွာသားတွေက အုတ်တံတားတွေ အပင်အောက်တွေ အရိပ်ရတဲ့ နေရာတွေမှာနေနေကြတဲ့ အချိန်ကွက်တိ လာကြဲသွားတာပါ။ အဲ့ဒီမှာရှိနေတဲ့အထဲက ယောကျာ်း ကလေး တစ်ယောက်နဲ့ လူကြီး အမျိုးသားတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။နောက်ထပ်လူတွေက ကျည်စတွေစဉ်သွားလို့ ဒဏ်ရာ ၅ ယောက်ရသွားတယ်။"
စစ်ကောင်စီသည်ရခိုင်ကို လေကြောင်းအသုံးပြုကာ ပိုမိုတိုက်ခိုက်လာသဖြင့် ဒေသခံပြည်သူများ အနေဖြင့် သတိဝီရိယနှင့် နေထိုင်သင့်သည်ဟုမြေပုံမြို့နယ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
" လေယာဉ်လာရင်အချက်ပေးစနစ်တွေတပ်ဆင်နိုင်ရင် ပိုကောင်းပါတယ်။ ပြည်သူတွေအနေနဲ့လည်းလူစုလူဝေးမနေကြဖို့နဲ့ သတိနဲ့နေသင့်ပါတယ်။စစ်ကောင်စီက နေ့တိုင်းလိုလို လူနေ ကျေးရွာတွေ၊ မြို့ပေါ်နေရာတွေကို ဗုံးကြဲ လေကြောင်းတိုက်ခိုက်တာ ပိုပြီး လုပ်လာတာ ရှိနေတော့ ပိုသတိထား၇မယ်" ဟု သူမက ပြောသည်။