(ကြည်း၊ရေ၊လေ သုံးပြီးခုခံကာကွယ်နေသည့်ကြားက စစ်ကောင်စီတပ် နောက်ဆုတ်လာ၇)
နောင်မင်းသူ၊နိရဉ္စရာ၊ ဇွန် ၂၀ ရက်/၂၀၂၄
တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြို့အနီး ဆင်ခြေဖုံးကျေးရွာများအထိအာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ ချဉ်းကပ် ဝင်ရောက်လာနေပြီး စစ်ကာင်စီမှ ကြည်း၊ရေ၊လေသုံးပြီး ခုခံကာကွယ်နေသည့် ကြားမှ စစ်ကောင်စီ တပ်သားများမှာ မောင်တောမြို့ဘက်သို့ တပ်ဆုတ်လာ၇သည့်မောင်တောဒေသခံများက ပြောသည်။
ဒေသခံ မွတ်ဆလင် တစ်ဦးက "ပန်းတောပြင်နဲ့ ညောင်ချောင်းကျေးရွာကြားမှာ တိုက်ပွဲဖြစ်နေကြတာ သုံးရက်လောက်ရှိနေပြီ။ ဒီနေ့မနက်မှာစစ်သားတွေ ကျိုးပျက်နေတဲ့ ပန်းတောပြင်တံတားကိုကျော်ပြီး ကညင်တန်းဖက်ကိုထွက်ပြေးလာကြတာတွေ့တယ်။ ချောင်းတစ်ဘက်ကမ်းမှာတော့ အေအေ တပ်ဖွဲ့တွေ ဝင်ရောက်နေရာယူထားကြတယ်"ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်များသည် အထိနာပြီးယနေ့ ဇွန်လ၂၀ရက် နံနက်တွင် မောင်တောမြို့ဘက်သို့ တပ်ဆုပ်လာကြသည်ကို တွေ့မြင်၇သည်ဟု မျက်မြင် မွတ်ဆလင်ဒေသခံများက ပြောဆိုသည်။
"မောင်တောမြို့အနီးကိုအေအေ တပ်ဖွဲ့တွေဝင်လာနေကြပြီ။ အေအေတွေ မြို့ထဲဝင်မလာနိုင်အောင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချတာတွေရှိတယ်။ ကုန်းကြောင်းကလည်းမြို့အနီးဝင်လာတဲ့အေအေ တပ်ဖွဲတွေကို စစ်တပ်က မွတ်ဆလင်ကျေးရွာတွေ အကာကွယ်ယူပြီးခုခံနေကြတယ်။ နတ်မြစ်မှာရောက်နေတဲ့ စစ်သင်္ဘောလည်း အေအေတပ်တွေ မြို့ထဲကို မဝင်နိုင်အောင် အမြောက်နဲ့ လှမ်းပစ်နေတယ်။ နခခ(၅)ကလက်နက်ကြီးတွေဆက်တိုက်ပစ်ကူနေတယ်။ ဒါပေမယ့် စစ်သားတွေ တပ်ဆုတ်လာတာကို တွေ့နေ၇တယ်"ဟု ပြောကြားသည်။
အလားတူ ပန်းတောပြင်(မွတ်ဆလင်) ကျေးရွာဖက်မှလည်း အာရက္ခတပ်တော် တပ်ဖွဲဝင်များ ဝင်ရောက်လာနေ၍ ညောင်းချောင်း(မွတ်ဆလင်) ကျေးရွာ၌အထိုင်စခန်းချထားတဲ့ စစ်ကောင်စီ တပ်များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့ကြပြီးနောက် စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီဟု ဆိုသည်။
မောင်တောမြို့မြောက်ဖက်သီဟို၌ကျွန်းရွာအုပ်စု၊ ဟာဘီအနောက်(မွတ်ဆလင်)ကျေးရွာ သို့ အာရက္ခတပ်တော် အေအေ တပ်များဝင်ရောက်လာသဖြင့် ၎င်းကျေးရွာ၌ နေရာယူထားသည့် စစ်ကောင်စီတပ်များနှင့်ဇွန်လ ၁၉ ရက်မနက်ပိုင်းမှ စပြီး အပြန်အလှန်တိုက်ပွဲများဖြစ်ပွားက ဇွန်လ၂၀ ယနေ့ နံနက်အထိ နေရောညပါ တိုက်ပွဲ ဖြစ်ပွါးလျှက်ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။
ဗုံးကြဲတိုက်ခိုက်မှုများကို ညအချိန်များနှင့် နံနက်ပိုင်းအချိန်များ၌ပြုလုပ်နေပြီး လက်ရှိရက်ပိုင်း အတွင်း နေ့စဉ် ဗုံးကြဲချမူများရှိနေသည်ဟု ဆိုသည်။
ဇွန်လ၁၈ ရက်နေ့တွင် နတ်မြစ်သို့ရောက်ရှိလာတဲ့ စစ်သင်္ဘောမှလည်း အမြောက်ကြီးများဖြင့် လှမ်းပစ်ပေးနေသလို နခခ(၅)မှလည်း လက်နက် ကြီးများ ဆက်တိုက်ပစ်ကူပေးလျှက်ရှိကြသည်ဟု သိ၇သည်။
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် မွတ်ဆလင် ကျေးရွာသား အချို့မှာ အေအေ ထိန်းချုပ်ရာနယ်မြေများသို့ တိုက်ပွဲရှောင်နေကြ၇သလို အများစုမှာ မောင်တောမြို့ပေါ်သို့ ထွက်ပြေး လာကြသည်ဟု ဒေသခံများကပြောဆိုသည်။
ဒေသခံမွတ်ဆလင်လူကြီးတစ်ဦးက "စစ်တပ်နဲ့အေအေ တိုက်ပွဲဖြစ်နေကြတဲ့ မောင်တော မြောက်ပိုင်းကျေးရွာတွေက မွတ်ဆလင် မိသားစုအချို့ အေအေထိန်းချုပ်နယ်မြေဖက်ကို တိုက်ပွဲရှောင်ကြတာရှိတယ်။ မြို့ပေါ်နဲ့ နီးစပ်တဲ့ ရွာတွေကတော့ မောင်တောမြို့ထက်ကို လာနေကြရတာလည်း ရှိတယ်။ တောင်ပိုင်းကျေးရွာတွေက မွတ်ဆလင်တွေကတော့ မြို့ပေါ်ကို တက်ပြေးကြတာများတယ်" ဟု ပြောဆိုသည်။
မောင်တောမြောက်ဖက်တွင် တိုက်ပွဲဖြစ်ပွားနေသည့်ဟာဘီ(အနောက်) ကျေးရွာမှ ဒေသခံ မွတ်ဆလင်များသည် အေအေ ထိန်းချုပ်ထားသည့် မဂင်္လာကြီး(မွတ်ဆလင်)ကျေးရွာဖက်ကို တိမ်းရှောင်သွားခဲ့ကြသလို ဟာဘီ(အရှေ့)၊ ဟဘီ(အလယ်)ကျေးရွာများမှ ဒေသခံမွတ်ဆလင်များမှာ မောင်တောမြို့ပေါ်သို့ တိမ်းရှောင်လာကြသည်ဟု ပြောဆိုကြသည်။
ထိုအတူနှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်နေကြသည့် မောင်တောတောင်ပိုင်ရှိ မွတ်ဆလင် ကျေးရွာများဖြစ်ကြတဲ့ ပန်းတောပြင်၊ညောင်ချောင်းကျေးရွာများမှဒေသခံအချို့ တောင်ပိုင်းရှိ ဒုညောင် ပင်ကြီးကျေးရွာဖက်သို့တိုက်ပွဲရှောင်ခဲ့ကြပြီး တချို့မှာ မောင်တောမြို့ပေါ်ရှိ ဆွေမျိုးများထံ တိုက်ပွဲရှောင် ခိုလှုံလျှက်ရှိနေကြကြောင်းဒေသခံမွတ်ဆလင်များထံမှသိ၇သည်။
မောင်တောမြို့ပေါ်မှာနေထိုင်နေကြတဲ့ဒေသခံပြည်သူတွေကိုလည်းအာရက္ခတပ်တော် (AA)မှ မြို့အတွင်းမှချက်ချင်းထွက်ခွါဖို့ ဇွန် ၁၆ ရက်နေ့ရက်စွဲနဲ့ အရေးပေါ်အသိပေး ထုတ်ပြန် ပြောဆိုထားပြီးနောက် မောင်တောမြို့ အနီးထိ တိုက်ပွဲများ ကျယ်ပြန့်စွာ ဖြစ်ပွားလာခြင်း ဖြစ်သည်။