အိမ်စိုးဖြူ၊နိရဉ္စရာ၊ ဇွန် ၂၀/ ၂၀၂၄
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာမှ ရာအိမ်မှူးအပါအဝင်ရွာသား ၁၀ ကျော်အား ရက်ပေါင်း (၁၀) ကျော်ကြာလာပြီဖြစ်သော်လည်း မိသားစုနှင့် အဆက်အသွယ်မရဘဲပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
မိသားစု ဝင်တစ်ဦးက “ စစ်ကောင်စီကဖမ်းဆီးသွားတာ ရက်ပေါင်း ၁၀ ကျော်ကြာပြီ။ ဇွန်လရ ရက် ညအချိန်မှာဝင်ဖမ်းသွားတာ။ အခုအချိန်ထိ အထိ မိသားစုနှင့် အဆက်အသွယ်မရသေးပါဘူး” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရာအိမ်
၎င်းတို့ကိုလွန်ခဲ့သည့် ဇွန်လ ရ ရက်၊ ၈ ရက်နေ့ ညအချိန်များတွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြေ
ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးက“ ကျွန်တော့မှာ သားရော၊သမက်ရောပါသွားတာပါ။ ညအိပ်နေတဲ့ အချိန်လာဖမ်းတာပါ။ပထမ ဇွန်ရ ရက်ကတည်းကဖမ်းသွားတာပါ။ အခုထိ အဆက်အသွယ်မရသေးလို့ စိုးရိမ်နေကြပါတယ်။ ကျွန်တော့သားကိုသိပ်တွေ့ချင်ပါတယ်။ အသက်အန္တရာယ်ရှိနေမှာ စိုးရိမ်တယ်။ အဆက်အသွယ်ရချင်ပါတယ်”ဟု ပြောသည်။
အောင်တိုင်ကျေးရွာအပါအဝင် စစ်တွေမြို့နယ်မှကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်းစစ်တွေမြို့တွင်းသို့အတင်းအဓမ္
နောက်ထပ် အောင်တိုင်ကျေးရွာသားတစ်ဦးက“ နောက်ထပ်ဖမ်းဆီးခံထားရတဲ့လူတွေရဲ့ မိသားစုဝင်တွေလည်း စိုးရိမ်နေကြပါတယ်။အဲဒီညတွေက ဆက်တိုက်ဆိုသလို အိမ်တွေကို ဝင်စစ်ပြီး လူငယ်၊လူလတ်ပိုင်းတွေကို နာမည်တွေဝင်မေးပြီး ဖမ်းတာပါ။ ညဆိုတော့ ဘယ်သူတွေပါသွားလည်းမသိတော့ အဖမ်းခံရတဲ့လူတွေနာမည်တွေ အကုန်မရသေးဘူး။ကျွန်တော်တို့လည်း မိုးလင်းတာနဲ့ ပြောင်းလာခဲ့ကြတာဆိုတော့” ဟုပြောသည်။
အဆိုပါအောင်တိုင်ကျေးရွာသားများကို ဝင်ရောက်ဖမ်းဆီးပြီးနောက်ပိုင်း၁၀ရက်ကျော် ကြာလာသည့်တိုင်အောင် မည်သည့်နေရာသို့ဖမ်းဆီးသွားသည်ကို ယနေ့ ဇွန်လ ၂၀ ရက်နေ့အထိ မိသားစုဝင်များမှာမသိရှိရသေးခြင်းဖြစ်ကြောင်းသိ
၎င်းအပြင် ဇွန်လ ၁၀ရက်နေ့ကလည်း စစ်ကောင်စီက အောင်တိုင်ကျေးရွာသား အသက် (၅၀)အရွယ်ဦးအောင်သန်းကို လည်ပင်းကို ကြိုးကွင်းချည်၍ ဆွဲခေါ်သွားခဲ့ပြီးနောက်သေဆုံးခဲ့ကြောင်း သိရသည်ဟု ကျေးရွာသားများက ပြောသည်။
စစ်ကောင်စီသည် အာရက္ခတပ်တော်အပေါ်စစ်ရေးအရ ရှုံးနှိမ့်လာပြီးနောက်ပိုင်းရခိုင် အရပ်သားများကို လူမျိုးရေးအမြင်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများကို ပြောင်ပြောင်တင်းတင်း ပြုလုပ်လာ