သဉ္ဇာနွယ်၊နိရဉ္စရာ၊ဇွန်၂၀/၂၀၂၄
ရခိုင်ပြည်၊အမ်းမြို့နယ်မှ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်၍ အသက် ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် မိသားစု ၃ဦးသေဆုံးပြီး တခြား ၂ ဦးဒဏ်ရာရ ရရှိသွားခဲ့ကာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၃ လုံး ပြိုပျက်သွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူ မိသားစုများမှာအမ်းမြို့နယ် သဲကမ်းထောင်းကျေး
ဆင်ဦးတိုက်ကျေးရွာဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလုံးမှာလည်း လုံး၀ ပြိုပျက်
အမ်းဒေသခံတစ်ဦးက" သဲကမ်းထောင်းရွာကိုတမင်လာပစ်တာ။ ရော့ကဒ်ဒုံးနဲ့ လာပစ်တာမှာ အိမ်တစ်အိမ်ထဲမှာနေကြတဲ့မိသားစုတွေအထဲက ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး သေသွားပါတယ်။ နောက်ထပ် သက်ကြီးပိုင်းမိသားစု နှစ်ယောက် လည်း ဒဏ်ရာ၇သွားတယ်" ဟုပြောသည်။
သဲကမ်းထောင်းကျေးရွာကို ဇွန်လ၂၀ရက်နေ့ နံနက် (၁၁)နာရီခန့်က စစ်ကောင်စီက ဂျက်ဖိုက်တာမှ ရော့ကဒ်ဒုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ် တစ်လုံးသို့ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အတွင်းက မိသားစုဝင်များ သေဆုံးခဲ့ခြင်းဖြစ်သည်ဟုနိရဉ္စရာ သတင်းဌာန ကိုပြောသည်။
၎င်းအပြင် တချိန်တည်းတွင် ဆင်ဦးတိုက်ကျေးရွာနှင့်ကဇုကိုင်းကျေးရွာဖက်ကိုလည်း ဂျက်ဖိုက်တာဖြင့်ဗုံးလာကြဲ၍ ဆင်ဦးတိုက်ကျေးရွာမှ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းလုံး ပြိုပျက်
" ဂျက်ဖိုက်တာ ကပထမသဲကမ်းထောင်းရွာကိုလာပစ်တယ်။ပြီးတော့ ဆင်ဦးတိုက်က ဘုန်းကြီးကျောင်းကို ဗုံးချတယ်။ ကျေ
အမ်းမြို့နယ်ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကု