Preview

သံတွဲ ရွှေလှေတွင် စစ်ကောင်စီ လက်နက်ကြီးကျည်ထိမှန်၍ စစ်ရှောင် အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ဇွန် ၂၁/ ၂၀၂၄ | ကြည့်ရှုသူ :1297
ရခိုင် သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာဇွန်၂၁/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏နေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရွှေလှေကျေးရွာတွင် လာရောက် စစ်ရှောင်နေကြသည့်ဆင်ခေါင်းရွာမှ  ဒေါ်ကြည်စိန်(၈၈)နှစ်၊ဒေါ်မစောသိန်း (၅၄)၊ ဒေါ်ခင်ရီ  (၅၁)နှစ်တို့ဖြစ်သည်။

ဒဏ်ရာရသူများမှာရွှေလှေတိုက်နယ်မှ မောင်ထွန်းလှဇော်အသက် (၁ရ)နှစ်၊ ဒေါ်မငယ် (၇၀)နှစ်တို့ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွှေလှေတိုက်နယ်ကိုယမန်နေ့ ဇွန် ၂၁ ရက် ညသန်းခေါင်  ၁၂ နာရီ ခန့်က ငပလီ၊ ဆင်ခေါင်းကျေးရွာနှင့် ဆင်ကျပ်တွင် ရပ်နားထားသည့် စစ်ကောင်စီနေဗီမှလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ညအချိန် အိပ်ပျော်နေသည့် သက်ကြီးပိုင်းအရွယ်(၃)ဦး ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် အသက်ကြီးပိုင်း တစ်ဦးနှင့် လူငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရွှေလှေဒေသခံ အမျိုးသား တစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" လူအိပ်တဲ့အချိန်မှပစ်ခတ်တာမလို့ထွက်ပြေးဖို့မရလိုက်ဘူး။ သေသွားတဲ့ အန်တီကြီးသုံးယောက် ဆင်ခေါင်းရွာဖက်ကနေစစ်ဘေးရှောင်ပြီး ရွှေလှေမှာ နေကြတာပါ။ ကျန်တဲ့နှစ်ယောက်ကတော့ ရွှေလှေရွာကပဲ" ဟုပြောသည်။

လက်ရှိ သံတွဲ ရွှေလှေဘက်တွင် တိုက်ပွဲများရပ်တန့်နေသော်လည်းစစ်ကောင်စီဖက်မှ အရပ်သား ပြည်သူနေထိုင်သည့်ကျေးရွာများကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုများ ရှိနေသေးသည်ဟု  သံတွဲဒေသခံတစ်ဦးကနိရဉ္စရာများကိုပြောသည်။

" ဒီဘက်မှာက နယ်မြေတွေ အေအေလက်ထဲကို ရောက်သွားတော့ တိုက်ပွဲတွေက အခုရက်ပိုင်းရပ်နေတယ်။ ဒါပမယ့်  စစ်ကောင်စီဖက်ကလေကြောင်း၊ရေကြောင်း၊ တပ်တွေကနေ လက်နက်ကြီူ ပစ်ခတ်တာတွေ လုပ်နေသေးလို့ မသွားရဲ၊ မလာကြရဲသေးပါဘူး"ဟုပြောသည်။

ရွှေလှေတိုက်နယ်ကိုအာရက္ခတပ်တော်ကထိန်းချုပ်ထားပြီး  ဆင်ခေါင်း၊ ညောင်ခြေထောက်၊ အင်တိုင်းကြီး၊ မကျည်ချောင်စသည့်ကျေးရွာသားများစစ်ဘေးရှောင်နေကြကြောင်း သိ၇သည်။'

ရခိုင်တွင် စစ်ကောင်စီ၏လေကြောင်း၊ ရေကြောင်းနှင့် ကြည်းတပ်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ဇွန်လ ၁ရက်နေ့မှ ယနေ့ ဇွန်  ၂၁ရက်နေ့အထိ (၂၁)ရက်တာအတွင်း သေဆုံးသူ၆၀နီးပါးနှင့် ဒဏ်ရာ၇သူ ၁၀၀ နီးပါးအထိရှိလာကြောင်းနိရဉ္စရာမှ ကောက်ယူထားသည့် စာရင်းအရသိ၇သည်။

#သံတွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.