Preview

သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရ၍ သံတွဲမြို့ နယ်မှ စစ်ဘေးရှောင် ၁၀၀၀ ကျော် စားသောက်ရေး အခက်အခဲရှိနေ

ဇွန် ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :707
ရခိုင် သတင်း

လူထက်နိုင်(ဒွါရာမြီ)၊ နိရဉ္စရာ၊ဇွန်လ၂၁ရက်/၂၀၂၄

ရခိုင်ပြည်သံတွဲမြို့ရှိ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ကျော်မှာ စစ်ကောင်စီတပ်က လမ်းပမ်း ဆက်သွယ်ရေး ဖြတ်တောက်ထားသည့်အတွက်ရိက္ခာရရှိရန် မလွယ်ကူဖြစ်နေပြီး  စားသောက်ရေး အခက်အခဲများ ကျရောက်နေရသည်ဟု ကူညီပေးနေသူများက နိရဉ္စရာသို့ ပြောသည်။

သံတွဲမြို့နယ်မြောက်ပိုင်း သံတွဲ-တောင်ကုတ်လမ်းတစ်လျှောက်ရှိကျေးရွာများကိုယ်တိုင်က သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ခံထားရ၍ စားနပ်ရိက္ခာများ ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင်အသစ်ရောက်ရှိလာသည့် စစ်ဘေးရှောင်များမှာ ပို၍ အခက်အခဲ ဖြစ်နေကြသည်ဟု ပြောဆိုသည်။

“ဒေသခံပြည်သူတွေကဂေါ့က၇၀၀ကျော်နဲ့ကျန်တာကဆင်းခေါင်းရွာနဲ့အနီးတဝိုက်ကရွာတွေကပါ။အခုကစစ်ကောင်စီကအကုန်ဖြတ်တောက်ထားတော့ ဆန်ဝယ်လို့မရ ဆီဝယ်လို့ မရဖြစ်နေတာ။ မြို့ပေါ်က လူတွေကကူညီချင်ပေမယ့်အေအေကို ထောက်ပံ့တယ်ဆိုပြီး ခေါင်းစဉ်တပ် ဖမ်းဆီးမှာစိုးရိမ်တော့ကူညီဖို့ခက်ခဲနေတယ်” ဟု ကူညီပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာအာရက္ခတပ်တော်မှကယ်ထုတ်လာသူများဖြစ်ကြပြီး   ရွှေလှေတိုက်နယ်ကျေးရွာ များတွင် နေထိုင်နေကြရပြီးဂေါ့ကျေးရွာ၊ဆင်ခေါင်း၊ညောင်ခြေထောက်၊ခမောင်းတုန်းကျေးရွာတို့မှ စစ်ဘေးရှောင်များပါဝင်ကြောင်းသိ၇သည်။

“မြို့ပေါ်က စစ်ဘေးရှောင်တွေကတော့အဆင်ပြေပါတယ်။ရွှေလှေတိုက်နယ်ကစစ်ဘေးရှောင်တွေကတော့သွားကူလို့မရဘူးလေ။လမ်းတွေကို စစ်တပ်ကပိတ်ထားတယ်။ တောင်ကုတ် ကလည်းလာလို့မရဘူး။အဲ့ဒီတော့စားသောက်ကုန်တွေသွင်းလို့မရတော့ ခက်ခဲနေပြီလေ။ ကျွန်တော်တို့ကူညီရေးအဖွဲ့တွေကိုလည်းစစ်တပ်ကစောင့်ကြည့်နေတာလေ။ အဆင်မသင့်ရင် ဖမ်းပြီးဒုက္ခပေးမှာ၊ မလုပ်ရဲဘူး” ဟု စစ်ရှောင်ကူညီသူနောက်ထပ်တစ်ဦးကပြောသည်။

သံတွဲမြို့နယ်ရွှေလှေတိုက်နယ်ကျေးရွာများသို့သွားသောလမ်းကြောင်းများကိုစစ်ကောင်စီမှပိတ်ဆို့ထားသလို ကင်းမော်ကျေးရွာမှတဆင့်သွားသော ရေလမ်းနှင့် မြို့အထွက် မြုံပြင်ကျေးရွာတို့မှအဓိကပိတ်ဆို့ထားပြီး တခြားနေရာများတွင်လည်းရွှေလျားဂိတ်များဖြင့်တင်းကျပ်ထားရာသွားလာ၍မရကြောင်းသိ၇သည်။

၎င်းပြင် လေကြာင်းမှ တိုက်ခိုက်မှုနှင့် စစ်ရေယာဉ်များမှလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်နေ၍ အလှူရှင်များ သွားရောက်ကူညီလှူဒါန်းရန်မှာ များစွာ အခက်အခဲဖြစ်နေကြ၇သည်ဟု ဆိုသည်။ 

ရွှေလှေတိုက်နယ်အါအဝင် သံတွဲမြို့နယ်တွင်စစ်ဘေးရှောင်နေရာ(၁၆)ခုရှိပြီးဒေသခံပြည်သူ၁၉၀၀ကျော်ခိုလှုံလျက်ရှိကြောင်းသိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.