တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

​ သံတွဲတွင်လက်နက်ကြီးထိမှန်၍ ကမန်လူမျိုး အရပ်သား ၄ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 920

အိမ်စိုးဖြူ၊ နိရဉ္စရာ၊ ဇွန် ၂၂/ ၂ဝ၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်မှုကြောင့် ယမန်နေ့ ဇွန် ၂၁ နေ့လယ် ၁၂ နာရီခန့်က လက်နက်ကြီးကျည်ထိမှန်ပြီး ကမန်လူမျိုး အရပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူူများမှာ ဇာဒီပြင်ကျေးရွာမှ ဦးထွန်းနိုင်(၄ဝ)နှစ်၊ ကျောင်းတိုက်ကျေးရွာမှ အသက် ၅ဝ ကျော်အရွယ် ဦးမောင်ညို
နှင့် နောက်ထပ်နှစ်ဦးမှာ လက်ပြင်ကျေးရွာမှ အမျိုးသားနှစ်ဦးတို့ ဖြစ်ကြကြောင်း သံတွဲမြို့ဒေသခံတစ်ဦးက နိရဉ္စရာအားပြောသည်။

လက်နက်ကြီးက မနေ့ကလည်း တညလုံးလိုလိုပစ်နေတာပါ။ ငပလီဘက်က
နေဗီက လှမ်းပစ်တာပါ။ ကိုထွန်းနိုင်နဲ့ ဦးမောင်ညိုတို့နှစ်ယောက်က ပွဲချင်းပြီး သေတာပါ။ နောက်ထပ် လက်ပြင်ကျေးရွာက နှစ်ဦးက ဒဏ်ရာရရတဲ့လူတွေထဲက ထပ်သေတာပါ။ ကမန်လူမျိုးတွေပါအကုန်လုံးပါဟု ၎င်းကပြောသည်။

ငပလီပင်လယ်ဘက်
တွင် ရှိနေသည့် စစ်ကောင်စီ၏ နေဗီမှ လက်ပြင်၊ ကျောင်းတိုက်နှင့် ဇာဒီပြင် ကျေးရွာများ အပါအဝင်အနီးအနားကျေးရွာများကို ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်ကစ၍ ယနေ့ ဇွန် ၂၂ ရက် နံနက်အစောပိုင်းအထိ လက်နက်ကြီး များဖြင့် တရစပ် ပစ်ခတ်နေခဲ့ကြောင်း ၎င်းဆက်ပြောသည်။

မနေ့က ဒဏ်ရာရရတဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ အဆက်အသွယ်ရဖို့ ကြိုးစားနေကြပါတယ်။ မနေ့ ထိတဲ့ရွာတွေကတော့ ကမန်ရွာတွေချည်းပါပဲ။ စိတ်မကောင်းပါဘူး။ ကမန်ရော၊ ရခိုင်ရောအတူတူခံနေကြတာပါဟု အဆိုပါ သံတွဲမြို့ဒေသခံက ဆက်ပြောသည်။

ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က သံတွဲမြို့နှင့် သုံးမိုင်အကွာ ပန်းချင်းပေါက်ကျေးရွာအနီးတဝ
ိုက်ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေတပ်တို့ဖြင့် ပြန်လည်ခုခံတိုက်ခိုက်မှုများ ရှိခဲ့သည်။

၎င်းအပြင်
ဇွန်လ ၂၀ ရက် ညဉ့်သန်းခေါင် အချိန်တွင်  သံတွဲမြို့နယ် ရွှေလှေကျေးရွာအနီးအနားများကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသည့်အပြင်  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် စစ်ရှောင်အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရွှေလှေကျေးရွာတွင် လာရောက် စစ်ရှောင်နေကြသည့် ဆင်ခေါင်းရွာမှ ဒေါ်ကြည်စိန်(၈၈)နှစ်၊ဒေါ်မစောသိန်း (၅၄)၊ ဒေါ်ခင်ရီ  (၅၁)နှစ်တို့ဖြစ်သည်။

ဒဏ်ရာရသူများမှာ ရွှေလှေတိုက်နယ်မှ မောင်ထွန်းလှဇော်အသက် (၁၇)နှစ်၊ ဒေါ်မငယ် (၇၀)နှစ်တို့ ဖြစ်သည်။

 

တိုက်ပွဲဧရိယာအတွင်းမရှိသည့် လူနေကျေးရွာများကိုလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများ လုပ်ဆောင်လာနေသဖြင့် သေဆုံးဒဏ်ရာရသူများ တစ်နေ့ထက် တစ်နေ့ တိုးပွားလာနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ