Preview

တောင်ကုတ်တိုက်ပွဲ ၅ ရက်အတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံး

ဇွန် ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :2882
ရခိုင် သတင်း

ကံ့ကော်နီနီ၊ နိရဥ္စရာ ၊ ဇွန် ၂၂ / ၂၀၂၄

ဇွန်လတတိယပတ်မှစတင်ဖြစ်ပွားလာခဲ့သည့် တောင်ကုတ်တိုက်ပွဲ (၅)ရက် အတောအတွင်း စစ်ကောင်စီဘက်ကဗိုလ်ကြီးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၀ကျော်သေဆုံးခဲ့ကြောင်း စစ်ရေး သတင်းရင်း မြစ်များက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

တိုက်ပွဲအတွင်း ကျဆုံးသွားသည့်ဗိုလ်ကြီးနှစ်ဦးမှာ ခမ၇ (၅၄၄)မှ ဗိုလ်ကြီးအောင်ဇော်ထွန်းနှင့်ဗိုလ်ကြီးကျော်မင်းသူတို့ဖြစ်ပြီး အခြားတပ်ဖွဲ့ဝင် ၀ ကျော်လည်း သေဆုံးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။'

" တောင်ကုတ်တိုက်ပွဲမှာစစ်တပ်ဘက်ကဗိုလ်ကြီးနှစ်ယောက်ထိ ကျသွားပြီပေါ့။ ပြီးတော့ တပ်ဖွဲ့ဝင်တွေလည်း ၀ကျော်ကျတယ်။ ဒီထက်လည်းအသေအပျောက်ရှိနိုင်သေးတယ်။တိုက်ပွဲ စဖြစ်တာက ၅ရက်ကျော်ပဲရှိသေးတယ်။ အဲဒီအချိန်တိုအတွင်းမှာစစ်တပ်ဘက်က အကျအဆုံး များနေတယ်။ အေအေကနည်းဗျူဟာအရရောတိုက်ရည်ခိုက်ရည်ရောအသာစီး၇နေတာ။ အေအေဖက်ကသာ အပြင်းအထန်ထိုးစစ်ဆင်လာမယ်ဆိုရင်တောင်ကုတ်က စစ်ကောင်စီတပ်တွေ သိပ်တောင့်ခံနိုင်တော့မယ့် အလားအလာမရှိတော့ဘူး" ဟုသူကပြောသည်။

ဗိုလ်ကြီးအောင်ဇော်ထွန်းမှာ ဇွန်လ ၁၅ရက်ညပိုင်းက တောင်ကုတ်မြို့ပေါ်၊ ချောင်းကောက် ရပ်ကွက် တိုက်ပွဲတွင် တပ်ဖွဲ့ဝင်တဦးနှင့်အတူသေဆုံးသွားခြင်းဖြစ်ပြီး အခြားတပ်ဖွဲ့ဝင် ၅ ဦးလည်း ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိ၇သည်။

ဗိုလ်ကြီးကျော်မင်းသူမှာ ဇွန်လ ၂၀ ရက်ကတောင်ကုတ်မြို့နယ်အတွင်းရှိ ရခိုင်ရိုးမ နေပူတောင်အနီး တိုက်ပွဲတွင် တပ်ဖွဲ့ဝင် ၆၀ ကျော်နှင့် အတူသေဆုံးသွားခြင်း ဖြစ်သည်။

နေပူတောင်တိုက်ပွဲတွင်ကျဆုံးသွားသည့်ဗိုလ်ကြီးကျော်မင်းသူမှာ တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်ဇာတိဖြစ်ပြီးဂူတာစာသင်ကျောင်းနောက်ဘက်လမ်းကြားတွင် နေထိုင်သူများဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

" တောင်ကုတ်ရိုးမပေါ်နေပူတောင်နားကတိုက်ပွဲမှာ ကျသွားတာ ဗိုလ်ကြီးကျော်မင်းသူလို့သိ၇တယ်။ သူက တောင်ကုတ် ဂူတာကျောင်း နောက်လမ်းကြားမှာနေတာ။ အဖေကဆရာဦးထွန်းဝေလို့သိ၇တယ်"ဟုပြောသည်။

၄င်းဗိုလ်ကြီးကျော်မင်းသူနှင့်တပ်ဖွဲ့ဝင်များမှာပဲခူးတိုင်းမှ စစ်ကူလာသည့် အင်အား ၂၀၀ နီးပါးရှိ စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော်ကကြားဖြတ်တိုက်ခိုက်မှုအတွင်းသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်ကပြောသည်။


တောင်ကုတ်တိုက်ပွဲစဖြစ်သည့်ဇွန်လ ၁၅ ရက်မှ ယနေ့ဇွန်လ ၂၂ ရက်အထိ စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.