စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

သံတွဲခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ မြို့ကို စွန့်ခွာပြီး ဂွမြို့သို့ ဆုတ်ခွာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3.3k

(တိုက်ပွဲသံတွဲမြို့ပေါ်ထိ ရောက်လာ၍ ထောင်နှင့်ချီသောပြည်သူများ မြို့ကို စွန့်ခွာနေ)

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ ဇွန်လ ၂၃ ရက်/၂၀၂၄

အာရက္ခတပ်တော် ( AA)၏ ထိုးစစ် သံတွဲမြို့ပေါ်ထိ ရောက်ရှိလာသဖြင့် သံတွဲမြို့ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများသည် မြို့ကို စွန့်ခွာပြီး ဂွမြို့သို့ ဆုတ်ခွာသွားခဲ့ကြသလို မြို့လူထုလည်း မြို့ကိုစွန့်ခွာကာ ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူ တစ်ဦးက ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိတဲ့ လူကြီးတွေ အကုန်လုံး သံတွဲကနေ ဂွကို ဆုတ်ခွာသွားကြပါပြီ။ တရားရေး၊  ဆောက်လုပ်ရေး ခရိုင် တာဝန်ရှိသူတွေရော၊ ဌာဆိုင်ရာတွေရော အကုန်ဆုတ်ခွာသွားကြပါပြီ။ ခရိုင်ရဲမှူးလည်း ပါတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူ့ကိုတော့ အတည်ပြုလို့ မရသေးပါဘူးဟု ပြောသည်။

သံတွဲမြို့အနီးထိ အာရက္ခတပ်တော်(AA )နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားလာသည့် လုံခြုံရေး စိုးရိမ်စရာဖြစ်လာသည့်အတွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူများ ဂွမြို့သို့ ဆုတ်ခွာ သွားခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

က်ရှိ အခြေအနေမှာ အေအေ တက်လာပြီဆိုရင် စစ်တပ်ကပြေးပြီ ထိပ်တိုက်မတိုးရဲ ကြတော့ဘူး။ အေအေ စစ်ကြောင်းဖြတ်သွားလိုက်ပြီိုရင် နောက်မှာ သူတို့ (စစ်တပ်) ပေါ်လာပြီဘယ်လိုဗျူဟာလည်းတော့ မသိဘူး။ စစ်သားတွေက စစ်မတိုက်ချင်ကြတော့ဘူးလို့တော့ သိရတယ်။ အခု အေအေက ခမရ  ၅၆၆နဲ့  ခလရ ၅၅ ကို အဓိက ပစ်မှတ်ထားနေတယ်။ မြို့ထဲကို ဗုံးကြဲမှာကို စိုးလို့ တိုက်ပွဲမဖော်ဘဲ ွှတ်ပေးခဲ့ပုံရတယ်မြို့ထဲမှာလည်း  ဘာမှမရှိတော့တာ။ ဝန်ထမ်းတွေလည်း အကုန်ပြေးပြီဟု ၎င်းကပြောသည်။

အလားတူ သံတွဲမြို့ခံများမှာ  သံတွဲမြို့ဝင် စာနီတောင် မောင်းတံဂိတ်ကို စစ်ကောင်စီမှ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖွင့်ပေးလိုက်ပြီးနောက် ထောင်နှင့်ချီသော ပြည်သူများမှာ မြို့ကို စွန့်ခွာ နေကြသည်ဟု ပြောဆိုသည်။

ဒေသခံ လူငယ်တစ်ဦးက လူတွေနည်းတာမဟုတ်ဘူး။ စာနီတောင်ဂိတ်မှာ ဒီနေ့ဖွင့်ပေးလိုက်တာ ကားတွေ ဆိုင်ကယ်တွေ တုတ်တုတ်တွေအပြည့်ဘဲ။  မှတ်ပုံတင်ပြရုံနဲ့သွားလို့ရတယ်လူတွေကတော့ ပြုံတိုးနေကြတာကို ဒီကနေ့ တွေ့ခဲ့ရတယ် မြို့ထဲမှာလူတောင်ကျန်ပါ အုံးမလား ဆရာတော်တွေနဲ့ ရပ်မိရပ်ဖတွေကလည်း မြို့ကထွက်ဖို့ တိုက်တွန်းနေတယ်ဟု ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့စစ်များအကျအဆုံးများနေပြီး အရက္ခတပ်တော်၏ ထိုးစစ်ကို ကြောက်လန့်ကာ ဂိတ်တွင်စောင့်နေသည့် ပြည်သူ့စစ်များလည်း ထွက်ပြေးသွားခဲ့ကြသဖြင့်  စစ်ကောင်စီ တပ်သားအင်အားလည်း နည်းပါးလာမောင်းတံဂိတ်ကို ဖွင့်ပေးလိုက်ခြင်းဖြစ် ကြောင်းသိရသည်။

ယခင်က အဆိုပါမောင်းတံဂိတ်ကို ဖြတ်သန်းခွင့်ရရန် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ထွေအုပ်ထောက်ခံစာ၊ ဆရာဝန်ဆေးထောက်ခံစာများပြသနိုင်မှသာ ဖြတ်သန်းခွင့်ရခြင်းဖြစ်ပြီး ယနေ့တွင် ထိုသို့ ပြစရာမလိုဟု ဆိုသည်။

လက်ရှိသံတွဲမြို့စစ်ရှောင်များသည် သံတွဲမြို့တောင်ဘက်ပိုင်း တစ်လျှောက်ရှိ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်ရန် သွားရောက်နေကြရပြီး အဆိုပါကျေးရွာများတွင် စစ်ရှောင်များအား စိစစ်ပြီး လက်ခံရန် စစ်ကောင်စီမဒေသအတွင်းအုပ်ချုပ်ရေးမှူးများအား မှာကြားထားကြောင်း ဒေသခံများက ပြောသည်။

သို့သော် လက်ရှိတွင် မြို့ မြောက်ဘက်ရှိ သံတွဲ-ကင်းမော်ကားလမ်းကို ပိတ်ဆို့ထားသဖြင့် သံတွဲ - ကင်းမော် ကားလမ်း တစ်လျှောက်ရှိကျေးရွာများမှ ဒေသခံပြည်သူများမှာ ပိတ်မိနေကြသည်ဟု သိရသည်။

သံတွဲ - ကင်းမော်ကားလမ်းတစ်လျှောက်ရှိ ကျေးရွာတွေဖက်ကတော့  ဒေသခံတွေပိတ်မိနေတယ် ခြံပြင်ရွာမှာလည်း လမ်းကို စစ်ကောင်စီကတူးပြီး ပိတ်ထားတော့ ကားတွေ သွားလာလို့ မရ ဖြစ်နေတယ် ဟု ကင်းမော် ဒေသခံတစ်ဦးက ပြောသည်။

 

ပုံစာ-စာနီတောင်ဂိတ်မှစစ်ရှောင်များကို တွေ့ရစဉ်

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!