သောကြာ၊ ဇွန်လ ၂၈ရက်၊ ၂၀၂၄

ဒဏ်ရာရတပ်သားများ၊ မိသားစုများနှင့် စစ်ဘက်ထိပ်တန်းအရာရှိကြီးများကို မောင်တောမြို့ မှ ကမ်းထိုးရေယာဉ်ဖြင့် ကယ်ထုတ်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၄ ရက်/၂၀၂၄

ရခိုင်အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာဖြစ်ပွားနေပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများ၊ မိသားစုဝင်များနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို ကမ်းထိုး ဇက်ရေယာဉ်ဖြင့် ကယ်ထုတ်နေကြောင်း သတင်းရရှိသည်။

မောင်တောမြို့ပေါ်မှ ဒေသခံမွတ်ဆလင်တဦးက " မြို့သူကြီး နခခ(၅)က တပ်အင်အားအချို့ဇွန်လ ၂၃ ရက် မနက်မှာ မောင်နီကျေးရွာက နတ်မြစ်ဝဖက်ကို တေဘာကား ၃ စီးနဲ့ သွားတာတွေ့ရတယ်။ တပ်နောက်ဆုတ်တာထင်တယ်။ နောက်ပြီးမနေ့က နတ်မြစ်အနီးပင်လယ်ပြင်မှာ ကမ်းထိုးစစ်ရေယာဉ် တစ်စီးရပ်ထားတယ်။ ဘုတ်ဆိပ်ဝင်/ထွက်စခန်းက စက်လှေတွေနဲ့ ဒဏ်ရစစ်သည် တွေနဲ့ ပိတ်မိနေကြတဲ့ တပ်မိသားစုဝင်အချို့၊ အဲဒီအထဲမှာ နခခ(၅)က စစ်‌ကောင်စီအရာရှိ အချို့ကိုလည်း စက်လှေတွေနဲ့ ယူဆောင်သွားပြီး ဇက်ရေယာဉ်ကို ပို့ပြီး ကယ်ထုတ်သွားတယ်လို့  သတင်းတွေ ရပါတယ်"ဟု ပြောကြားသည်။

၎င်းပြင် UNလက်‌အောက်ခံ အဖွဲ့အစည်းအချို့က မိသားစု‌ဝင်များလည်း ၎င်းဇက်ရေယာဉ်ဖြင့် လိုက်ပါခွင့်ရသွားသည်ဟု ၎င်းက ပြောဆိုသည်။

မောင်တောမြို့ အဝင် နခခ(၅) ကျသွားပြီဟု သတင်းများထွက်ပေါ် နေပြီး စစ်ကောင်စီတပ်က မြို့ထဲကနေ အသည်းအသန် ခုခံကာကွယ်နေသည်ဟု သတင်းများ ရရှိသည်။

ဇွန်လ ၂၂ ည မှ စပြီး၂၃ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီတပ်များ နှင့် အေအေတပ် တို့ မောင်တောမြို့ ဟာဘီ နဲ့ ဘဂုံးနား(မွတ်ဆလင်)ကျေးရွာတွေအနီးမှာ နှစ်ဖက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြရာ လက်နက်ကြီ၊ လက်နက်ငယ်၊ စက်သေနတ်၊ အာပီ‌ဂျီ၊ ဒရုန်းဖြင့် ပစ်ခတ်၍ လက်နက်ကြီး ပေါက်ကွဲသံများအား မောင်တောမြို့ပေါ်ကပါ နေရောညပါဆက်တိုက်ကြားနေခဲ့ကြရကြောင်း မောင်တောဒေသခံတစ်ဦးကပြောဆိုသည်။

"မြို့သိမ်းတိုက်ပွဲကတော်တော်လေးပြင်း ထန်လာနေတယ်။ မနေ့ကည နဲ့ ဒီနေ့မနက်မှာ တိုက်ပွဲ ဆက်တိုက်ဖြစ်‌ နေတာ။ မြို့ပေါ်ကလူတွေ အပြင်မထွက်ရဲကြ‌တော့ဘူး။ အပြန်အလှန် ပစ်ခတ်သံတွေ ဆူညံနေတယ်။ ထိတ်လန့်စရာပါ" ဟု ပြောဆိုသည်။

ဟာဘီ(မွတ်ဆလင်)ကျေးရွာ အနီး နေရာယူထားတဲ့ အေအေ တပ်ဖွဲ့များ နှင့် ချောင်းတစ်ဖက်ရှိ ဘဂုံးနား(မွတ်ဆလင်) ကျေးရွာတွင် နေရာယူထားကြတဲ့ စစ်ကောင်စီတပ်များ မှာ ဇွန်လ ၂၁ နေ့မှ ၂၃ ယနေ့အထိ ည နှင့် နေ့ပါ အပြန်အလှန်ပစ်ခတ်ပြီးတိုက်ပွဲပြင်ထန်စွာဖြစ်ပွါးနေကြလည်းဖြစ်သည်။

ထိုတိုက်ပွဲဖြစ်ပွါးရာနေရာများသို့ နခခ(၅) ၏မြောက်ဖက်ဇူလ(မွတ်ဆလင်)ကျေးရွာ အ‌နောက်ဖက် အစွန်ဆုံး‌အထပ်မြင့် နေအိမ်ရှိဝန်းခြံအတွင်း စစ်တပ်မှ လက်နက်ကြီးအထိုင်ချပြီး လှမ်းပစ်မူများ ပြုလုပ်‌ နေကြကြောင်းဒေသခံမွတ်ဆလင်များက‌ ပြောဆိုသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ည အချိန်တွင်လည်းနခခ(၅)မှစစ်အရာရှိအချို့ စစ်နေဗီဖြင့် စစ်တွေသို့ ထွက်‌ပြေး သွားကြကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးယခု ဇွန် ၂၂ ရက်နေ့၌ စစ်အရာရှိများ ကမ်းထိုး‌ စစ်‌ရေယာဥ်ဖြင့် ထပ်မံပြီးထွက်ပြေးသွားကြပြီးတပ်အင်အားအချိုလည်း‌နောက်ဆုတ်လျှက်ရှိ‌ နေ‌ကြောင်း သတင်းများထွက်‌ ပေါ်လျှက်ရှိနေတာလည်းဖြစ်သည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!