စနေ၊ စက်တင်ဘာလ ၂၈ရက်၊ ၂၀၂၄

မောင်တောမြို့ပတ်လည်၌နေရာယူထားကြသည့် စစ်ကောင်စီတပ်သားများ AA၏ ထိုးစစ်ကို မခံနိုင်၍ ကစဉ့်ကလျားထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.6k

စစ်‌ကောင်စီက မောင်တောမြို့ပတ်ပတ်လည်အား လေကြောင်းမှဗုံးကြဲ

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၄ ရက်/၂၀၂၄

မောင်တောမြို့ပတ်လည်၌နေရာယူထားကြသည့်  စစ်ကောင်စီတပ်သားများသည် အာရက္ခတပ်တော်၏ ထိုးစစ်ကို မခံနိုင်ဘဲ ကစဉ့်ကလျား ထွက်ပြေးလာကြကာ မောင်တောမြို့ ပတ်ပတ်လည်အား စစ်ကောင်စီက ဗုံးကြဲနေသည်ဟု  မောင်တောဒေသခံများထံမှ  သိရသည်။

ယနေ့ ဇွန်လ ၂၄ ရက် နေ့လယ်  ၁၂ နာရီခန်၌ စစ်ကောင်စီဂျက်တိုက်လေယာဉ်ဖြင့် မောင်တောမြို့ ဧတေလီယျာနှင့် ရပ်ကွက်(၅) မွတ်ဆလင်ကျေးရွာများအနီး ဗုံး ၄ လုံးကြဲချခဲ့ကြောင်း ဒေသခံများက ပြော သည်။

"ရပ်ကွက်(၅)နဲ့ ဧတေလီယာ‌ရပ်ကွက်ဆို ‌မောင်တောမြို့တွင်းလို့‌ ပြောလို့ရတာ‌ပေါ့။ လေယာဉ်သံ ကြားတာနဲ့ ဈေးကလူတွေထွက်ပြေးကြတာ။ ဗုံးချတာနဲ့အိမ်တွေတုန်ခါသွားတယ်။ တိုက်အိမ်တွေက မှန်ပြတင်းပေါက်တွေကွဲကျသွားတယ်။ ထိခိုက်ဒဏ်ရာရမူ‌ တွေမသိသေးဘူး။ လူတွေ ထွက်ပြေး နေကြတယ် "ဟု ပြောသည်။

မောင်တောမြို့၏ အရှေ့ဖက်တွင်ရှိသည့် ရပ်ကွက်(၅)နှင့် ဧတေလီယာကျေးရွာများ၌စခန်းချ‌ နေရာယူထားကြသည့် စစ်ကောင်စီတပ်သားများမှာ ဇွန်လ ၂၄ ရက် နံနက်မှစပြီးအာရက္ခတပ်‌တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လာနေသဖြင့်  ကစဉ့်ကလျား ထွက်ပြေးလာခဲ့ကြပြီးနောက် အခုလို လေကြောင်းမှ ဗုံးကြဲလာခြင်းဖြစ်‌ ကြောင်း ဒေသများထံက သိရသည်။

"ဒီလိုမြို့က လူနေကျေးရွာ၊ ရပ်ကွက်တွေကို လေကြောင်းကဗုံးလာကြဲနေတော့ မောင်တောမြို့မှာ ပိတ်မိ နေကြတဲ့ ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ‌တွေ အတော်လေးထိတ်လန့်စိုးရိမ်နေကြတယ်။ မြို့ပတ်လည်က မွတ်ဆလင်ရွာတွေ ထွက်ပြေးလာကြပြီး မြို့ပေါ် နာရီစင်အနီးက အထက(၂)မှာ ခိုလှုံနေကြရတယ်" ဟု ပြောသည်။

ထိုအတူ မောင်တော ရွှေဇားကျေးရွာအုပ်စုရှိကျေးရွာ ၁၃ ရွာတွင် နေရာယူထားကြသည့် စစ်ကောင်စီတပ်သားများနှင့် မွတ်ဆလင်စစ်သားများပါ မြို့ပေါ်သို့ တပ်နောက် ဆုတ်လျှက်ရှိနေကြကြောင်း ဒေသခံမွတ်ဆလင်များထံမှသိရသည်။

ဆက်စပ် သတင်းများ