Preview

တိုက်ပွဲကြားက ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ ဦးကို နှင်ထုတ်

ဇွန် ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :2976
ရခိုင် သတင်း

နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်လာသည့် ကလေးငယ် ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား၆ ဦးကို ဘင်္ဂလားနယ်ခြားစောင့်တပ်ဖွဲ့ (BGB) ကဖမ်းဆီးပြီး မြန်မာနိုင်သို့  ပြန်လည် မောင်းထုတ်လိုက်သည်ဟု  သတင်းရရှိသည်။

ကလေးငယ် နှစ်ဦးပါ လူ ၆ ဦးအား တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်း  ဖမ်းဆီးပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု သိ၇သည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် ခရိုင်၊နတ်ကျောက်ဆရီမြို့နယ်စပ်၊ နယ်ခြားမှတ်တိုင် ၅၀/၂၅မှ လွန်ခဲ့သည့် တနင်္ဂနွေနေ့ နေ့လယ်က ဝင်ရောက်လာကြသူများဖြစ်ကြသည်ဟု ဆိုသည်။

၎င်းတို့ ၆ ဦးအား အဆိုပါနေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မြန်မာဘက်သို့ပြန်လည်နှင်ထုတ်ခဲ့သည်ဟု ဆိုသည်။ Ref and photo: Ukhiya News  

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.