Preview

မောင်တောမြို့မရဲစခန်းတွင်လက်နက်ကြီးကျည်ကျပြီးနောက် အချုပ်သား ၄၈ ဦးအားလွှတ်ပေး

ဇွန် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :1829
ရခိုင် သတင်း

နောင်မင်းသူ၊နိရဉ္စရာ၊ ဇွန် ၂၆ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့ရှိမြို့မရဲ စခန်းတွင်လက်နက်ကြီးကျပြီးနောက်အချုပ်သား ၄၈ ဦးအား အပြီးသတ် လွှတ်ပေးလိုက်ကြောင်းလွတ်မြောက်လာသူများထံမှသိ၇သည်။

"လက်နက်ကြီးကျပြီး မိုးလင်းတာနဲ့ လွှတ်ပေးလိုက်ကြတာပါ။  ၇ခိုင်၊ မွတ်ဆလင်၊   ဟိန္ဒူအားလုံး ကျားမ ၄၈ ဦးပါ။ အပြီးလွတ်ပေးတာလို့တာဝန်ရှိသူတွေပြောလိုက်ပါတယ်"ဟု  မောင်တော အချုပ်ခန်းထဲက လွတ်မြောက်လာခဲ့သည့် မွတ်ဆလင်တစ်ဦးကပြောကြားသည်။

လွတ်မြောက်လာသူများထဲတွင်မွတ်ဆလင် အမျိုးသမီ(၄)ဦး၊  ၇ခိုင်အမျိုးသမီ(၄)ဦး၊ ဟိန္ဒူ အမျိုးသား(၁) ဦး၊ ၇ခိုင်အမျိုးသား(၁၀)ဦးနှင့်မွတ်ဆင်အမျိုးသား(၂၉)ဦးတိုဖြစ်ကြောင်း သိရှိ၇သည်။

မောင်တောမြို့မရဲစခန်း၌ အချုပ်ခံနေရသူများ ရ လကျော်အထိအမှု စစ်ဆေးခြင်မပြုနိုင်ဘဲ အချုပ် ခံနေခဲ့ရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲများစွာဖြင့် နေထိုင်ခဲ့ကြကြောင်း ရပ်ကွက် တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

"သူတို့ကို အမှုက မစစ်ဆေးနိုင်တာ ရ လကျော်နေပြီ။ စစ်တွေလည်း မပို့ကြဘူး။ သူတို့ရဲ့ဘ၀တွေ  ဆုံးရှုံး နစ်နာစေတယ်။ နောက်ပြီး စားသောက်ရေးက ပိုပြီး ဒုက္ခတွေ့နေရတာ။ ကုန်ဈေးနူန်းကလည်း အဆမတန် ဈေးကြီးတယ်။ အချို့အချုပ်သားတွေရဲ့  မိသားစုတွေလည်း တိုက်ပွဲ ရှောင်သွားကြတာတွေ ရှိတယ်။ သူတို့ကိုအငတ်ထားယင်လည်းသေသွားကြမှာ။ ရဲစခန်းက ဘယ်လောက်ကျွေးနိုင်မလဲ။ ကျန်မာရေးအရဆိုလည်း ဆေးရုံမရှိတော့ဘူး” ဟု  ပြောကြားသည်။

ဇွန်လ၂၃ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်၌ မောင်တောမြို့မ ရဲစခန်းတွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့်  အမြောက်ကျည် ကျရောက်ပေါက်ကွဲ၍ တပ်ကြပ်၁ ဦးသေဆုံးခဲ့ရပြီး ရဲအုပ် ၁ ဦး နှင့် ဒုတပ်ကြပ်၁ ဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ အပြီးဇွန်လ၂၄ ရက် ညနေ၌ အချုပ်သားများ အားလုံးအား ရဲတာဝန်ရှိသူများက ထိုသို့လွတ်ပေးလိုက်တာလည်း ဖြစ်သည်။

မောင်တောမြို့သိမ်းတိုက်ပွဲအား အာရက္ခတပ်တော်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက် ရှိနေပြီး မောင်တောရဲစခန်းရှိ အချုပ်သားများမှာလည်း လက်နက်ကြီးကျည် ကျရောက်ပြီး အစုအပြုံလိုက် သေဆုံးသွားနိုင်သွားသဖြင့် ယခုကဲ့သို့ အချုပ်သားများ အားလုံးအား အပြီးလွတ်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်းဒေသခံများက သုံးသပ်ကြသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.