Preview

အမ်းမြို့အနီး မဲတောင်တောင်ကြောတစ်လျှောက် တိုက်ပွဲပြင်းထန်နေ

ဇွန် ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :2000
ရခိုင် သတင်း

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ဇွန် ၂၆/ ၂၀၂၄

ရခိုင်ပြည်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ဖွဲ့များ နေရာယူထားသည့်  မဲတောင်တောင်ကြော တစ်လျှောက်ကို အာရက္ခတပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်၊ တောဟိန်းတောင်ဗျူဟာကုန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းနေရာမှ  တိုက်ပွဲမှာ မဲတောင် တောင်ကြောသို့ထိ  ရောက်ရှိလာခဲ့သည်ဟု  အမ်းဒေသခံ စစ်ရေး သတင်းအရင်းအမြစ် တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အခုလက်ရှိကတော့ မဲတောင်တောင်ကြောတစ်လျှောက်မှာ အပြန်အလှန်တိုက်ပွဲဖြစ်နေတယ်။ တောဟိန်းတောင်က ထွက်ပြေးတဲ့အကောင်တွေကို ကိုယ့်ဖက်စစ်ကြောင်းက လိုက်လံရှင်းလင်းတော့ သူတို့က မဲတောင်ကိုထွက်ပြေးကြတယ်။ အဲ့ဒီတော့ မဲတောင်မှာရှိနေတဲ့ စစ်သားတွေနဲ့ ထွက်ပြေးသွားတဲ့ စစ်သားတွေ ပူးပေါင်းပြီး အာရက္ခတပ်တော်ထိုးစစ်ကို ပြန်ခုခံတိုက်နေတယ်။ဒါကြောင့် တိုက်ပွဲတွေက ဖြစ်နေတယ်” ဟုပြောသည်။

အမ်းမြို့ လေကြောင်းကာကွယ်ရေးတပ်တွင် အထိုင်ချထားသည့် စစ်ကောင်စီ၏ စခန်းမှလည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို ကြားနေရသည်ဟု အမ်းဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ လက်နက်ကြီးအသံတွေတော့ကြားနေရတယ်။ ဘယ်ရွာတွေကို လက်နက်ကြီးကျည်ကျတယ်ဆိုတာ မသိ၇ဘူး။ ဆက်သွယ်မှုတွေလည်း ပြတ်တောက်နေတယ်” ဟုပြောသည်။

တောဟိန်းတောင်ကျသွားပြီးနောက် အမ်းမြို့ပေါ်ကို အာရက္ခတပ်တော်မှ အလွယ်တကူ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်သဖြင့်  အမ်းမြို့ပေါ်တွင် စစ်ကောင်စီက အင်အားတိုးချဲ့ပြီး အကာအကွယ်များ အခိုင်အမာ ပြုလုပ်ထားကြောင်း သိ၇သည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် မဲတောင်တွင် စစ်ကောင်စီမှ ကာကင်းစခန်း အများအပြား တည်ဆောက်ထားပြီး အင်အားအလုံးအရင်းတိုးချဲ့ချထားသည့် တောင်ကြောတစ်ခု ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.