Preview

ရခိုင်ပြည် မြောက်ပိုင်းရှိ ဆေးဘက်ဆိုင်ရာဆောင်ရွက်မှုများကို ရပ်ဆိုင်းလိုက်ကြောင်း (MSF)က သတင်းထုတ်ပြန်

ဇွန် ၂၈/ ၂၀၂၄ | ကြည့်ရှုသူ :1139
ရခိုင် သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၂၈/၂၀၂၄

မြန်မာနိုင်ငံ၊ရခိုင်ပြည် မြောက်ပိုင်းရှိ ဆေးဘက်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများကိုရပ်ဆိုင်းလိုက်ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)ကဇွန်လ၂ရရက်နေ့က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီးပေးမှုအပေါ် ကန့်သတ်မှုများ ပိုမိုတင်းကြပ်လာခြင်းနှင့် ပဋိပက္ခများ ပြင်းထန်လာခြင်းတို့ကြောင့် ရသေ့တောင်၊ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးသည့် လှုပ်ရှားဆောင်ရွက်မှုများကို အကန့်အသတ်မရှိရပ်ဆိုင်းလိုက်ကြောင်း (MSF)ရဲ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MSF သည် ၇ခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုဘိုင်းလ်ဆေးခန်း ၁၄ ခုဖြင့် ရခိုင်၊ရိုဟင်ဂျာနှင့် အခြားလူနည်းစုများအပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက်မရှိမဖြစ်လိုအပ်သော ဆေးဝါးကုသမှုများကို ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

MSF အဖွဲ့များသည် ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းကရခိုင်ပြည်နယ် အလယ်ပိုင်းနှင့်မြောက်ပိုင်း ဒေသများတွင် ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။


MSF သည် လက်ရှိအချိန်တွင်အဆိုပါဒေသများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခြင်းမရှိ သေးသော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိလူနာများနှင့် ပြည်သူများအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို ပေးအပ်သွားရန် ကတိပြုပါကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

MSF သည်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေအနေများ တိုးတက်လာသည်နှင့် တပြိုင်နက် ဆေးဘက်ဆိုင်ရာကူညီလှုပ်ရှားမှုများကိုချက်ချင်းပြန်စနိုင်ရန် လက်ရှိအနေအထားကိုဆက်လက်ထိန်းသိမ်းသွားမည်ဟုဆိုသည်။

ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများနှင့် ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ် ပေးရမည်ဆိုသည့်အချက်ကို လေးစားလိုက်နာကြရန် ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများ အားလုံးကို ကျွနု်ပ်တို့ ကတောင်းဆိုပါ သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Source/RSF

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.