Preview

DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်းတို့ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်မှုကို ရခိုင်သတင်းသမားများ ရှုတ်ချ

ဇွန် ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :1121
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း နိရဉ္စရာ၊ဇွန် ၂၉ ရက် ၂၀၂၄

ရခိုင်ပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့်Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီကအလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

၎င်းတို့နှစ်ဦးအား စစ်ကောင်စီကထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့အကျိုးစီးပွားအတွက်သတင်းအမှောင်ချရန် ကြိုးစားနေခြင်းဖြစ်သည်ဟု Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုကပြောသည်။

" စစ်ကောင်စီက သူတို့အကျိုးစီးပွားအတွက်သတင်းအမှောင်ချဖို့ လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်သိမ်းတယ်။သတင်းထောက်တွေကို ဖမ်းဆီးတယ်။ ပြီးတော့ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့မတရားထောင်ချလိုက်တယ်။ သတင်းထောက်တွေရဲ့ သတင်းရယူပိုင်ခွင့်နဲ့ပြည်သူတို့ရဲ့ သတင်းသိပိုင်ခွင့်ကို နည်းမျိုးစုံနဲ့ စစ်ကောင်စီကနှောင့်ယှက်ပိတ်ပင်နေတယ်" ဟုပြောသည်။

ထို့အပြင်၎င်းတို့နှစ်ဦးအား ဖမ်းဆီးထားခြင်းအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကန့်ကွက်ပြီးချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း သူကဆက်လက်တောင်းဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိသတင်းသမားများသည် အကာအကွယ်မဲ့နေသည့် အနေအထားသို့ ရောက်ရှိနေပြီးယခုလိုမျိုး ထောင်ဒဏ်ချမှတ်လိုက်မှုအပေါ် ရှုတ်ချသည်ဟုလည်း သတင်းထောက်မချစ်အိလှိုင်က ပြောသည်။

" DMG သတင်းထောက်ကိုထက်အောင်နဲ့ နောက်တစ်ယောက်ကို ထောင်ဒဏ် (၅)နှစ်ထိချမှတ်တာက မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ သတင်းရေးသားခြင်းကို အပြစ်တခုလို ပုဒ်မတွေ အမျိုးမျိုးနဲ့ဖမ်းဆီးချုပ်နှောင်မှုတွေကို ရှုတ်ချပါတယ်။ သတင်းအလုပ်လုပ်နေကြရတဲ့လူတွေအနေနဲ့ဓားသွားထက်မှာ လမ်းလျှောက်နေကြရတဲ့အခြေနေနဲ့ လုပ်နေကြရတာပါ။  သတင်းသမားတွေဟာ အကာကွယ်မဲ့ နေရတဲ့ အခြေနေနဲ့ ရင်ဆိုင်နေကြ၇ပါတယ်" ဟုပြောသည်။

၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၉ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် ကိုထက်အောင်သည် စစ်တွေမြို့ဝင်္ကပါကွင်း၌ ပြုလုပ်သည့် ဆွမ်းတော်ကြီးလောင်းပွဲအား ဓာတ်ပုံသတင်းသွားယူနေစဉ်တွင်အာဏာသိမ်း စစ်ကောင်စီတပ်သားများ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့၇သည်။

ကိုထက်အောင်အား ဖမ်းဆီးပြီးနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက DMG ရုံးသို့ရောက်ရှိလာကာ ညစောင့်ကိုစိုးဝင်းအောင်အား ဖမ်းဆီးလျက် ရုံးရှိ ကင်မရာ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုသိမ်းဆည်းပြီး ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးအားစစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ကျော်ကတရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့်တရားစွဲဆိုထားသည်ကို စစ်တွေမြို့နယ် တရားရုံးက ဇွန် (၂၈ ) ရက်နေ့တွင်အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ခြင်း ဖြစ်သည်ဟု DMG မှ ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်ပြီးနောက်အပြစ်မဲ့ ပြည်သူလူထုအား မတရား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ သတင်းသမားများအားဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်စစ်ရာဇဝတ်မှုများကို မျက်ဝါးထင်ထင် ကျူးလွန်လျက်ရှိသည်။

၇ခိုင်ပြည်၌လည်း သတင်းသမားကိုဖိုးသီဟကို စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့တွင်မြောက်ဦးမြို့ရှိ သူ၏နေအိမ်မှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မြောက်ဦးအခြေစိုက် ခမ၇ ၃၇၈ တပ်ရင်း၌စစ်ကောင်စီတပ်သားများက မတရားနှိပ်စက် သတ်ဖြတ်သွားခဲ့သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.