နိရဉ္စရာ၊ ဇွန် ၃၀/၂၀၂၄
ရခိုင်ပြည် တောင်ဘက်အစွန်းဆုံး ဂွမြို့ကို ဇူလှိုင်လအတွင်းအာရက္ခတပ်တော် ( AA)က ဝင်ရောက် သိမ်းပိုက်မည်ဟု ကောလာဟလ သတင်းများထွက်ပေါ်နေသဖြင့်ဂွမြို့ကနေ စွန့်ခွာ ထွက်သွားသူများပြားလာနေ၍ ဌာနဆိုင်ရာ ဝန်ထမ်းများကို ဂွမြို့ကနေထွက်ခွာခွင့်မပြုတော့ကြောင်း သိရှိ၇သည်။
“ ဂွမြို့ခံလူတွေကဧရာ၀တီတိုင်းဘက်ကို ရွှေ့နေကြတယ်။ မြို့ကနေ ထွက်ခွာသူများလာတော့ အခု မြို့ကနေ ဝန်ထမ်းတွေကိုထွက်ခွာခွင့် မပေးတော့ဘူးလို့ သိ၇ပါတယ်”ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။
ဂွမြို့ ဒေသခံများသည် ဂွ-ငသိုင်းချောင်းမှ တောင်ကြားလမ်းမှတဆင့် ဧရာ၀တီတိုင်းသို့ ပြောင်းရွှေ့နေကြသလို ဂွ-မကျည်းငူ ကမ်းခြေပတ်လမ်းမှလည်း သွားလာမှုရှိနေသည်ဟု၎င်းကပြောဆိုသည်။
“ အခုသတင်းတစ်ခု ပျံ့နေတာက ဇူလှိုင်လမှာ အေအေက ဂွမြို့ကို ဝင်သိမ်းတော့မယ်လို့ သတင်းပျံ့နေပါတယ်။ဒါနဲ့ တချို့လူတွေက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ဧရာ၀တီတိုင်းဘက်ကို ရွေ့နေကြတယ်လို့သိရပါတယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေဆိုရင် ရန်ကုန်၊ ပုသိမ်သွားကြတာပေါ့”ဟု ပြောဆိုသည်။
ဂွမြို့တွင် စစ်ကောင်စီ၏ ခမ၇ ၅၆၂ နှင့် ၅၆၃ တပ်ရင်း ၂ ရင်းသာရှိပြီးအေအေဝင်တိုက်ပါက တိုက်ပွဲအပြင်းအထန် ဖြစ်လာနိုင်သဖြင့် အရပ်သားများသာမက စစ်ကောင်စီတပ်တွင်းမိသားစုများအနေဖြင့် စိုးရိမ်နေကြသည်ဟု သိ၇သည်။ ( သတင်းနှင့် ဓာတ်ပုံ-CJ)