ကြာသပတေး၊ ဇူလိုင်လ ၄ရက်၊ ၂၀၂၄

ULA/AA နာမည်ကိုအသုံးပြုပြီး ငပလီရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များထံမှအယောင်ဆောင် ငွေလိမ်တောင်းခံနေမှုများကို ချက်ချင်းရပ်တန့်ရန် AAသတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 944

(ငွေကြေးကောက်ခံလာပါက ဆက်သွယ်အကြောင်းကြားနိုင်)

နိရဉ္စရာ၊ ဇူလှိုင် ၂/ ၂၀၂၄

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)   နာမည်ကိုအသုံးပြုပြီး သံတွဲမြို့ ငပလီရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များထံမှ အယောင်ဆောင် ငွေလိမ်တောင်းခံနေမှုများပေါ်ပေါက်နေပြီး ၎င်းလုပ်ငန်းများကို ချက်ချင်းရပ်တန့်ရန် (ULA/ AA) သတိပေးလိုက်သည်။

ယနေ့ ဇူလှိုင်လ ၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် “မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်” ခေါင်းစဉ်ဖြင့် သတိပေးချက် ထုတ်ပြန်ရာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

၎င်းပြင် ငွေကြေးကောက်ခံလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး ဆက်သွယ် မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိနေကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူလျက် မသမာသူ အုပ်စုတစ်စုသည် မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထုတ်ပြန်ချက်အပြည့်အစုံ အောက်တွင်ဖော်ပြထားပါသည်။

ဆက်စပ် သတင်းများ