ကြာသပတေး၊ ဇူလိုင်လ ၄ရက်၊ ၂၀၂၄

တောင်ကုတ်တက္ကသိုလ်တွင် စခန်းချထားသည့် စစ်ကောင်စီတပ်သားများက ပါမောက္ခချုပ်အိမ်အပါအဝင် နေအိမ်တိုက်ခန်းများကို ဖောက်ထွင်းခိုးယူနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 625

လူထက်နိုင်( ဒွါယာမြီ)နိရဉ္စရာ၊ ဇူလိုင် /၂၀၂၄

ရခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်တွင် တပ်စွဲ နေထိုင်နေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် က္ကသိုလ် ပါမေက္ခချုပ်၏ နေအိမ်အပါအဝင် ဆရာဆရာမများ၏  တိုက်ခန်းမျာအား ဖောက်ထွင်းကာ ပစ္စည်းများကို ခိုးယူနေကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီက အဲ့ဒီ တောင်ကုတ်တက္ကသိုလ်ထဲမှာ တပ်စွဲထားတာလေကျွန်တော်တို့က သတင်း ကြားတာ လက်တွေ့မြင်ရတာမဟုတ်တက္ကသိုလ်ထဲကစစ်တပ်ကို ဝင်ထွက်နေတဲ့သူ တွေဆီက သိရတာပါ။ ဝင်ရောက်ပြီး သောတွေရိုက်ဖွင့် လိုတာအကုန်ယူသွားတယ်လို့ သိရတယ်ဟု တောင်ကုတ် ဒေသခံ ကျောင်းဆရာ တစ်ဦး ကပြောသည်။

တောင်ကုတ် တက္ကသိုလ်ပါချုပ်၏ နေအိမ်တံခါးတွင် ပိတ်ထားသည့် သော့ခလောက်အား ဖြိုဖျက်ပြီး ဝင်ရောက်ကာ ရှာဖွေမွှေနှောက်ပြီး နေအိမ်တွင်းရှိ အဖိုးတန် ပစ္စည်းများကို ယူသွားကြကြောင်း၊ တစ်ခြား တိုက်ခန်း တချို့လည်း ဖောက်ထွင်းခံရသည်ဟု ကြားသိရကြောင်း  ဒေသခံများကလည်း ပြောဆိုသည်။

ဒီ တောင်ကုတ်တက္ကသိုလ်ကျောင်းဝန်းထဲမှာ စစ်ကောင်စီတပ်ဘဲ နေရာယူထားတာ။ သူတို့မှ အပ ဘယ်သူမှ ဒီလို ဝင်ရောက်ပြီး ယူဆောင်ဖို့ဆိုတာမလွယ်ဘူး။ ဒါကို စစ်တပ် အထက်အရာရှိကြီးတွေ တားမြစ်ပေးဖို့လိုပါမယ်ဟု အဆိုပါ ကျောင်းဆရာက ပြောကြားသည်။  

ဇွန်လ ပထမအပတ်တွင်တောင်ကုတ် တက္ကသိုလ်အတွင်းမှ ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်ဆရာများကို စစ်ကောင်စီက နှင်ထုတ်ခဲ့ရာ မထွက်ဘဲ နေခဲ့ကြပြီး ကျောင်းဝန်းထဲသို့ ဇွန်လ ၁၇ ရက်နေ့တွင် စကစက လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဆရာဆရာမများစွန့်ခွာသွား ကြောင်းသိရ သည်။

ထို့နောက် တက္ကသိုလ်ကျောင်းဝန်းထဲမှ ပါချုပ်အပါအဝင် ကျောင်းဆရာများ ထွက်သွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် လက်နက်ကြီးများဖြင့် နေရာယူ တပ်စွဲခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ