အေးမြတ်ခိုင်၊နိရဉ္စရာ၊ ဇူလိုင် ၅/၂၀၂၄
ရခိုင်ပြည်မြို့တော် စစ်တွေ၊ဆေးရုံကြီးအနီးရှိWinner မူကြိုကျောင်း (ယခင်မေယုစားသောက်ဆိုင်ဟောင်း) အဆောက်အဦ ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၎င်းမီးလောင်မှုမှာရှို့မီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဇူလိုင် ၅ ရက်၊ နံနက်အာရုဏ်အချိန်တွင် အမည်မသိလူတစ်ခုက လာရောက်မီးရှို့ခဲ့ပြီး ၅ နာရီ ၄၀ မိနစ်ခန့်တွင် မီးအပြင်းအထန်လောင်ကျွမ်းခဲ့ခြ
"အရင်မေယုစားသောက်ဆိုင် လုပ်ခဲ့တဲ့နေရာပါ။ လူတစ်စုရောက်လာတာ တွေ့တယ်။မကြာဘူးလောင်တယ်ဆိုတော့။ ရှို့မီးလို့ပဲ ကောက်ချက်ချကြတယ်။ အထဲက ပေါက်သံ ၃ ခေါက်လောက် ကြားလိုက်ရပြီး မကြာဘူး ။ မီးတွေကြီးနေတာ။ ဖြစ်စကတော့ သိပ်ထွက်မကြည့်ရဲကြဘူး။ မနက်မှသွားကြည့်တော့ ကြမ်းခင်းတွေ၊ အိမ်နံရံတွေ မီးလောင်သွားတယ်။ တစ်ဆောင်လုံးတော့ မပါသွားဘူး" ဟု ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် Winner ကျောင်းဆောင်ထိခိုက်ပျက်စီးသွား