တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ANP လူငယ် ခေါင်းဆောင်ဟောင်း ကိုဂမ္ဘာရီကို အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ပထမဆုံးအကြိမ်ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 814

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဇူလိုင် ၅ / ၂၀၂၄

ရခိုင်အမျိုးသားပါတီ (ANP) လူငယ်ခေါင်းဆောင်ဟောင်း ကိုခင်ဝင်းမောင် (ခေါ်) ကိုဂမ္ဘာရီကို စစ်ကောင်စီမှ အကြမ်းဖက်တိုက်ဖျက်ရေးအက်ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ယ‌မန်နေ့က မရမ်းကုန်းခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ကြောင်းခဲ့သည်။

" ထူးခြားမှုတော့မရှိဘူး။ သူကိုရုံးတင်စစ်ဆေးတယ်။ ခ‌ဏလေးပဲ ကြာပါတယ်။ ဘာတွေ စစ်ဆေးမေးမြန်းတယ်ဆိုတာကိုတော့ မသိဘူး။ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ပထမဆုံးအကြိမ် စွဲချက်တင်တာပါ" ဟု ကိုဂမ္ဘာရီ၏ ဖခင်က ပြောသည်။

ထို့အပြင် သူအား လှိုင်မြို့မရဲစခန်းမှ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး လာမည့် ဇူလိုင် ၁၁ ရက်နေ့ကို ထပ်မံချိန်းဆိုထားသည်။

ကိုဂမ္ဘာရီမှာ မေလ ၃၁ ရက်နေ့ ညအချိန်တွင် လှိုင်မြို့နယ်ရှိ နေအိမ်အတွင်း၌ ရှိနေစဉ် ရခိုင်လူငယ် တချို့နှင့် အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ကိုဂမ္ဘာရီသည် စစ်ကြောရေးကာလတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်ဟုလည်း သိရှိရသည်။

စစ်ကောင်စီမှ အာဏာမသိမ်းမီအချိန်က သူသည် ANP ပါတီထဲတွင် တက်တက်ကြွကြွ ပါဝင် လုပ်ကိုင်ခဲ့သလို လူမှုရေးကိစ္စများလည်း လုပ်ဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် ပါတီမှ နုတ်ထွက်ခဲ့သည်။

ဆက်စပ် သတင်းများ