Preview

မောင်တောရှိ မွတ်ဆလင်ဈေးများအား ရခိုင်များ သွားလာဈေးဝယ်ခွင့် စစ်ကောင်စီကန့်သတ်

ဇူလိုင် ၀၅/ ၂၀၂၄ | ကြည့်ရှုသူ :2154
ရခိုင် သတင်း

(မြို့ပေါ်ရပ်ကွက်များအားရှောင်တစ်ခင်စစ်ဆေးမှုများရှိနေ)

နောင်မင်းသူ၊နိရဉ္စရာ၊ဇူလှိုင် ၅ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့ပေါ်ရှိမွတ်ဆလင်ဈေးများ ဖြစ်ကြသည့် မြို့မ ကညင်တန်းဈေး၊ မောင်နီရွာသွားလမ်းရှိ မီးစက်ခွဆုံဈေး၊ ရပ်ကွက်(၅)ဈေးနှင့် ရွှေဇားဈေးများသို့ ရခိုင်များဈေးသွား ဝယ်ခွင့်အား စစ်ကောင်စီမှ ကန့် သတ်ထားကြောင်း မောင်တောဒေသခံများထံမှ သိ၇သည်။

"ကညင်တန်းဈေးကို ရခိုင်တွေ သွားရင်ဖမ်းတယ်။ စစ်ဆေးမေးမြန်တယ်။ ပြန်လွတ်ချင်ယင် လွတ်တယ်။ မသင်္ကာရင် ဖမ်းဆီးထားတယ်။ မီးစက် ခွဆုံ (လမ်းဆုံ) ဈေးကိုသွားရင်လည်း ဘယ်သွားမှာလဲ။ ဘယ်ကလဲ။ ဘာအလုပ်လုပ်လဲ၊ စစ်ဆေးတယ်။ သွားလို့မရဘူး။ ပြန်လှည့် သွားပါလို့ပြောတယ်။ ရွှေဇား အောင်ဗလ ရခိုင်ရွားသားတွေ ရွှေဇားဖက်ကိုသွားယင်တောင် စစ်ဆေးတယ်။ အောင်ဗလ ရွာက ပါဆိုလည်း သွားခွင့်မပြုတာရှိတယ်။ ပြန်သွာခိုင်းတာလည်းရှိတယ်။ မွတ်ဆလင်တွေကိုတော့ မစစ်ဆေးဘူး"ဟု  ဒေသခံ၇ခိုင်တဦးကပြော သည်။

မြို့မကညင်တန်းဈေးအား ယမန်နေ့က  ဈေးဝယ်ရန်နှင့်ဖုန်းအားသွင်းရန်သွားရောက်ခဲ့ကြသည့် ၇ခိုင် အမျိုးသား၊ အမျိုးသမီး၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးခဲ့သလိုမီးစက်ခွဆုံဈေး ၊ရပ်ကွက်(၅)ဈေး နှင့် ရွှေဇားဈေး စသည့် မွတ်ဆလင်ကျေးရွာများရှိဈေးများသို့ ရခိုင်များဈေးဝယ်ရန် သွာလာခွင့်အား စစ်ကောင်စီတပ်မှ တားဆီးထားကြောင်း ဒေသခံများထံမှသိ၇သည်။

မောင်တောရှိမွတ်ဆလင်ဈေးများသို့ ဈေးဝယ်ရန်သွားရောက်ကြသည့် ၇ခိုင်များအား ဈေးအဝင် လမ်းများ၌ စောင့်နေကြသည့်စစ်ကောင်စီတပ်ဖွဲဝင်များက စစ်ဆေးတားဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင်မောင်တောမြို့ပေါ်ရပ်ကွက်များကိုလည်းစစ်ကောင်စီတပ်သားများမှရှောင်တစ်ခင်စစ်ဆေးမူများ ပြုလုပ်နေကြကြောင်းဒေသခံများကပြောဆိုသည်။

"မနေ့က မြို့ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေတော့ မြို့ပေါ်က လမ်းတွေမှာ စစ်တပ်နဲ့ နယ်ခြားစောင့်တွေ အပြည့် ချထားတယ်။ မနေ့ကရပ်ကွက်(၄) စံပြရွာကနေအိမ်တွေကို ဝင်ရောက် ရှာဖွေ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြတယ်။ ဖမ်းဆီးတာတောမရှိဘူး" ဟု စံပြရွာဒေသခံ အမျိုးတဦးက ပြောဆိုသည်။

မောင်တောမြို့အားအာရက္ခတပ်တော် အေအေ ဖက်မှဝိုင်းရံပိတ်ဆို့ထားပြီး မြို့သိမ်းတိုက်ပွဲအား အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းပစ်ကူမှုများဖြင့် အကြီးအကျယ်ခုခံနေသည်ဟု သိ၇သည်။

#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.