စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ကော့စ‌မွေကျွန်းတွင် ရခိုင်စစ်ဘေးရှောင်များအတွက် တေးဂီတရန်ပုံငွေပွဲ ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ ဇူလိုင် /၂၀၂၄

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းတွင် ရခိုင်စစ်ဘေး ရှောင်များအတွက် တေးဂီတ ရန်ပုံငွေရရှိရေး Music Festival ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါရန်ပုံငွေပွဲအား နက်ဖြန် ဇူလိုင် ရက်နေ့ ညနေ နာရီမှ ၁၂ နာရီအထိ ကော့စမွေကျွန်းရှိ အောင်ဇေယျပန်းခြံတွင် ကျင်းပမှာဖြစ်ပြီး နာမည်ကျော် ရခိုင်အဆိုတော် ဝင်းကိုခိုင်၊ မင်းသာဂီ၊ ဝတီစိုးမိုး၊ ဒိုးကလေး၊ ဖြူသီး၊ သံသာမိုးထက်နှင့် လင်းလင်းတို့က သီဆိုဖျော်ဖြေမှာဖြစ်ပါသည်။

"ကျနော်တို့က ဒီပွဲက ရရှိလာတဲ့ ရန်ပုံငွေနဲ့ ပထမတော့ ဗျိုင်းဖြူရွာက ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေကို ကူညီမယ်။ ပြီးတော့ ရခိုင်တပြည်လုံးရှိ စစ်ဘေးရှောင်တွေကို တတ်နိုင်ဆုံး ကူညီပေးသွားမှာ ဖြစ်ပါတယ်။ အခုလည်း လက်ရှိ ထောက်ပံ့ကူညီရေးလုပ် နေတဲ့ သူ‌တွေကို ဆက်သွယ်နေပါတယ်" ဟု ပွဲဖြစ်မြောက် ရေးအဖွဲ့ တာဝန်ရှိသူ ကိုသန်းရွှေက ပြောသည်။

ရန်ပုံငွေအတွက် လက်မှတ်တစ်စောင်လျှင် ထိုင်းဘတ် ငွေ ၃၀၀ ဘတ်ဖြင့် ရောင်းချနေသည်။

"ကျနော်တို့က ရခိုင်ပြည်နဲ့ အဝေးမှာ ရောက်နကြတဲ့ ရခိုင်လူမျိုး တွေ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်အတွက် ကျနော်တို့ လုပ်နိုင်အပိုင်းတွေ လုပ်နေမှာဖြစ်ပါတယ်။ နောက်ထပ်လည်း ရန်ပုံငွေပွဲတွေ ကျင်းပနိုင်ဖို့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်" ဟု ကိုသန်းရွှေက ပြောသည်။

ထိုင်းနိုင်ငံ‌ ကော့စမွေကျွန်းတွင် ရွေ့ပြောင်း ရခိုင်အလုပ်သားလူဦးရေ ၂၅၀၀ ကနေ ၃၀၀၀ ကြား ရှိသည်။

ဆက်စပ် သတင်းများ