Preview

AA၏ မောင်တောမြို့သိမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာ

ဇူလိုင် ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :6621
ရခိုင် သတင်း

(စစ်ကောင်စီဖက်ကဒဏ်ရာပြင်းထန်သူများနှင့် သေဆုံးအရာရှိရုပ်အလောင်းများအား ကမ်းထိုးရေယာဉ်ဖြင့်ယူဆောင်

နောင်မင်းသူ၊နိရဉ္စရာ၊ဇူလိုင် ၆ ရက်/၂၀၂၄

အာရက္ခတပ်တော် (AA) ၏ ရခိုင်ပြည် အနောက်ဖက်နယ်စပ် မောင်တောမြို့ သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီနေဗီ၂ စီးမှလည်း လက်နက်ကြီးများဖြင့်  ပစ်ခတ်ကာကွယ်နေရကြောင်း မောင်တော ဒေသခံများထံမှ သိ၇သည်။

"တိုက်ပွဲကနေ့ရောညပါဆက်တိုက်ဖြစ်နေကြတာ။ မနေ့ကည ၈ နာရီမှာ အတော်လေး ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ကြတယ်။ နတ်မြစ်မှာရပ်ထားတဲ့နေဗီနှစ်စီက အမြောက်တွေနဲ့ ပစ်ကူ ပေးခဲ့ကြရတယ်။ ဒီနေ့မနက်အာရုဏ်မှာ ဆက်ပီးတိုက်ပွဲက ပြင်းထန်လာနေတယ်။ အခုအချိန်အထိ တိုက်ပွဲကပြင်းထန် နေကြဆဲ့ပါ။ရွှေဇားဖက်ကလူအသွား အလာတွေ ပိတ်ထားတယ်လို့သိ၇တယ်။"လို့မောင်တောဒေသခံတဦးကပြောသည်။

မောင်တောမြို့အားပိတ်ဆို့ထားသည့်စစ်ကောင်စီတပ်များအားAAတပ်ဖွဲ့များက ဇူလှိုင်လ ၃ ရက် ညနေ ၃ နာရီကျော်မှစပြီး ဇူလှိုင်လ ၆ ရက် ယနေ့မနက်အထိအပြင်း အထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိ နေကြကြောင်းဒေသခံများထံမှသိ၇သည်။

အေအေထိုးစစ်အတွင်းကျဆုံးဒဏ်ရာရရှိသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲဝင်များအား ဇူလှိုင်လ ၄ ရက်နေ့ ညသန်ခေါင်၌ ကမ်း ထိုးရေယာဉ်ဖြင့်စစ်တွေသို့ယူဆောင်သွားခဲ့ကြကြောင်း မျက်မြင် ဒေသခံတွေက ပြော ဆိုသည်။

"ကမ်းထိုးရောက်နေတယ်ဆိုလို့လိုက်ပါခွင့်ရမလားဆိုပြီး ဘုတ်ဆိပ်ကိုမိသားစု တွေအထုတ်အပိုးတွေနဲ့ဆင်းသွားကြတယ်။ ဒဏ်ရာရစစ်သားတွေနဲ့ အရာရှိ အလောင်းတွေ တင်ဆောင်နေကြတယ်။ ရခိုင်တွေကို လိုက်ခွင့် မပေးဘူး။ စစ်တွေ တရောက် မွတ်ဆလင်တစ်ဦးက ၃၅ သိန်းနဲ့ မွတ်ဆလင် ၅၀ ကျော်လောက်ကို တင်ဆောင် သွားခဲ့ကြတယ်။"ဟု မျက်မြင်ဒေသခံတစ်ဦးကပြောဆိုသည်။

အာရက္ခတပ်တော် အေအေ ဖက်မှ မောင်တောမြို့အားသိမ်းပိုက်နိုင်ရန်အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေပြီး စစ်ကောင်စီဖက်မှလည်းနယ်စပ်မြို့မကျ ဆုံးရအောင်ကြည်း၊ရေ၊ လေ တပ်ပေါင်းစုဖြင့်ခုခံကာကွယ်လျှက်ရှိတာလည်းဖြစ် သည်။

မောင်တောဘုတ်ဆိပ်POEအနီးပုဇွန်ကန်များသို့နခခ(၅)မှ ဇူလှိုင်လ ၅ ရက်ညနေပိုင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်တာကြောင်း ပုဇွန်ကန်၌ ငါးရှာနေတဲ့ ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း မွတ်ဆလင်များပြောကြားချက်အရသိရှိ၇သည်။

မောင်တောဘုတ်ဆိပ်အနီးနတ်မြစ်အတွင်းသို့ စစ်ကောင်စီနေဗီများ ကမ်းထိုးရေယာဉ်မျာ ဆိုက်ကပ်နေချိန်၌ ထိုနတ်မြစ်အနီးပုဇွန်ကန်များသို့ နခခ(၅)မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိ၇သည်။ ( ဓာတ်ပုံ- ပုံဟောင်းသာ)

 

 

#AA
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.