Preview

ရခိုင်တွင် သွေးလွန်တုတ်ကွေးအဖြစ်များလာ၍ စစ်ဘေးရှောင်များအတွက် ခြင်ထောင်များအရေးပေါ်လိုအပ်နေ

ဇူလိုင် ၀၆/ ၂၀၂၄ | ကြည့်ရှုသူ :4313
ရခိုင် သတင်း

ကြိုင်ဟိန်းလင်း၊နိရဉ္စရာ၊ ဇူလိုင် ၆ရက် / ၂၀၂၄

ရခိုင်ပြည်အတွင်း မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုတ်ကွေး အဖြစ်များလာ၍စစ်ဘေးရှောင်များအတွက် ခြင်ထောင်များ အရေးပေါ်လိုအပ်နေကြောင်းသတင်းရရှိသည်။ 

လက်ရှိကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်တစ်ထောင်ကျော်မှာ ခြင်ထောင်မရှိဘဲ အိပ်နေကြရသဖြင့် သွေးလွန်တုတ်ကွေးဖြစ်မည်ကို စိုးရိမ်နေ၇သည်ဟုစခန်းကော်မတီတစ်ဦးက ပြောသည်။

" ခြင်ကိုက်လို့အနာဖြစ်နေတာတွေရှိတယ်။ ခြင်ထောင်မလုံလောက်ဘူးဆိုတာထက် မရှိတာလို့ ပြောရမယ်။ ခြင်ထောင် အလုံရေတစ်ထောင်ကျော်လောက် ကျနော်တို့ အရေးတကြီးလိုအပ်နေတယ်။ ဒီရာသီကခြင်သားဥပေါက်ရာသီဆိုတော့ သွေးလွန်တုပ်ကွေးတွေဖြစ်ပွားမှာကိုကျနော်တို့ စိုးရိမ်နေ၇တယ်" ဟု ပြောသည်။

သွေးလွန်တုပ်ကွေးများဖြစ်ပွားလာလျှင် ဆေးဝါးအခက်အခဲဖြစ်မည်ကိုစိုးရိမ်သောကြောင့် အလှူရှင်များအနေဖြင့် ခြင်ထောင်လှူပေးကြရန်အရေးတကြီးလိုအပ်နေသည်ဟု စခန်းကော်မတီက တိုက်တွန်းပြောဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူမြို့အပါအဝင်တခြားဒေသရှိ စစ်ကောင်စီတပ်စခန်းချထားသည့်နေရာအနီးရှိ ကျေးရွာများမှထွက်ပြေးတိမ်ရှောင်လာကြသည့် စစ်ဘေးရှောင်ဦးရေ တစ်သောင်း တစ်ထောင်ကျော် ရှိကြောင်း သိရှိ၇သည်။

ထိုစစ်ဘေးရှောင်များမှာ နီးစပ်ရာမိသားစုအိမ်များတွင်နေထိုင်သူများနှင့်၊ မိမိတို့ကိုယ်တိုင် တဲအိမ်ဆောက်လုပ်ပြီးနေထိုင်သူများရှိသလို့ စစ်ဘေးရှောင်စခန်းများတွင်လည်း နေထိုင်သူများလည်း ရှိကြောင်းသိရှိ၇သည်။

လက်ရှိကျောက်ဖြူမြို့တွင် စစ်ဘေးရှောင်စခန်း ၈ ခုရှိပြီး စခန်းတစ်ခုစီတွင် လူဦးရေ ၁၀၀ မှ၁၅၀ ဝန်းကျင်နီးပါးရှိကြောင်း သိရှိ၇သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတွင်လည်း သွေးလွန်တုတ်ကွေးနှင့်ငှက်ဖျားအဖြစ်များနေ၍ ခြင်ထောင်နှင့် ဆေးဝါးတချို့ အရေးပေါ်လိုအပ်နေကြောင်း PonnagyunYouth Association က အကူအညီတောင်းခံထားသည်။

ရသေ့တောင်မြို့နယ်တွင်လည်း စစ်ဘေးရှောင်များ သွေးလွန်တုတ်ကွေးအဖြစ်များနေသည်ဟု သတင်း ရရှိသည်။

ထိုစစ်ဘေးရှောင်စခန်းများတွင်နေထိုင်သူများမှာ ခြင်ထောင်မရှိသည့်အတွက် ခြင်ကိုက်မှုဒဏ်ကို ခံစားနေကြရပြီး ထိုမှ တဆင့် သွေးလွန်တုတ်ကွေးဖြစ်ပွားမှု ရှိနေသည်ဟု သိ၇သည်။

၇ခိုင်ပြည်တွင်စစ်ကောင်စီက ကုန်စည်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ထားသည့်အတွက် ဆေးဝါးများလည်းပြတ်တောက်နေသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

 

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.