ကြိုင်ဟိန်းလင်း၊နိရဉ္စရာ၊ ဇူလိုင် ရရက်/ ၂၀၂၄
စစ်တွေမြို့ အရှေ့ဘက်မိုင် (၂၀) အကွာတွင်တည်ရှိသည့် ပေါက်တောမြို့နယ်မှကျေးရွာ ၄ရွာကိုစစ်ကောင်စီတပ်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် လူနေအိမ်များထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု သိရှိ၇သည်။
ယမန်နေ့ ဇူလိုင်လ၆ ရက်၊ ညနေ ၅ နာရီကျော်ကပေါက်တောမြို့နယ်မှသဝင်ချောင်း၊ ပြိုင်းတောင်၊သဲခုံ၊ မင်းတဲ စသည့်ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲချ ပစ်ခတ်ခဲ့သည်ဟုဒေသခံများက ပြောဆိုသည်။
သဝင်ချောင်းကျေးရွာသို့စစ်ကောင်စီ၏ ဒရုန်းမှ ဗုံး ၅ လုံး ကြဲချပစ်ခတ်ခဲ့သည့်အတွက် လူနေအိမ်တစ်ဆောင်အနည်းငယ်ထိခိုက်ပျက်စီးမှုရှိ
"ကျနော်တို့ရွာကိုဗုံး ၅ လုံးကြဲတယ်။ ရွာလယ်တံတားအနီးမှာ ၁ လုံးကျတယ်။ နောက်တစ်လုံးကတော့မြောက်ချောင်း၀စုရပ်ကွက်မှာကျလို့
ထို့အတူပြိုင်းတောင်၊ သဲခုံ၊ မင်းတဲစသည့်ကျေးရွာများလည်း တိုက်ခိုက်ခံရပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိဟု ဒေသခံတစ်ဦးက ပြောသည်။
" ပြိုင်းတောင်ကျေးရွာကို၁၀ လုံးကြဲချတယ်။ ပြီးတော့ မင်းတဲနဲ့ သဲခုံကျေးရွာကို ၈ လုံးကြဲတယ်။လူနေအိမ်တွေတော့ အနည်းငယ်ထိခိုက်သွားတာရှိတယ်။ ဒါပေမဲ့ လူတွေထိခိုက်တာတွေတော့မရှိဘူး" ဟု ဆိုသည်။
ပြီးခဲ့သည့်ဇွန် ၁၁ရက်ကလည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီသည် စစ်ပွဲနှင့်သက်ဆိုင်ပတ်သက်ခြင်းမရပ်သည့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဒေသခံကျေးရွာသားများမှာစိုးရိမ်ထိတ်လန့် နေကြ၇သည်ဟုဆိုသည်။
“စစ်တွေ တပ်ရင်းတွေက လွှတ်တင်လိုက်တဲ့ ဒရုန်းတွေပါ။ လူနေကျေးရွာတွေကိုအေချမ်းစွာ နေထိုင်လို့ မရအောင် လုပ်နေတာပါ။ ကျွန်တော်တို့က တစ်ခုတောင်းဆိုချင်ပါတယ်။ စစ်တွေက အကြမ်းဖက်စစ်တပ် တပ်ရင်းတွေကို တပ်တော်က ဆုံးမဖို့လိုအပ်နေပြီလို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်၄ ရက်နေ့နှင့် ၅ ရက်နေ့တို့ကလည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ်၊ခမောင်းတောကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမောင်းတောကျေးရွာမှ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့်
အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့် ပေါက်တော၊ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် မြို့နယ်များမှ လူနေရပ်ကွက်ကျေးရွာများကို စစ်တွေမြို့ရှိစစ်ကောင်စီ တပ်စခန်းများနှင့်ရေတပ်နေဗီများမှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေ
ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့်အဆိုပါမြို့နယ်များမှ ဒေသခံများမှာ လယ်ယာလုပ်ငန်းများနှင့်ရေလုပ်ငန်းများကို မလုပ်ကိုင်နေကြဟု ပြောဆိုကြသည်။
စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း၎င်းတို့ဆုံးရှုံးခဲ့ရသည့် မြို့နယ်များသို့လည်း ဂျက်ဖိုက်တာ၊ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်ဟု သိ၇သည်။ (Photo internet)