Preview

စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲမှုကြောင့် ပေါက်ကွဲသံများကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အထိတ်တလန့် ကျယ်လောင်စွာကြားခဲ့ရ

ဇူလိုင် ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :2154
ရခိုင် သတင်း

ဂျွန်နသန်၊ ဇူလိုင် ၈/၂၀၂၄

စစ်ကောင်စီ လေတပ်က လေကြောင်းမှနေ၍ ဗုံးကြဲမှုကြောင့်ကျယ်လောင်သည့် ပေါက်ကွဲသံများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ နတ်မြစ်ကမ်းခြေရှိ တက်ကနက် နယ်စပ်မှပင် အထိတ်တလန့် ကြားနေ၇ပြီး ဒေသခံများ၏ နေအိမ်များ တုန်ခါသွားခဲ့ကြောင်း  The Business Standard က သတင်းဖော်ပြသည်။

စစ်ကောင်စီ၏လေယာဉ်သည်ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တစ်လျှောက်တွင် လှည့်ပတ်ပျံဝဲနေပြီးနောက် တပြိုင်နက်တည်း ကျယ်လောင်သည့်ဗုံးကြဲချသည့် ပေါက်ကွဲသံများကိုတက်ကနက် (ရခိုင်အခေါ် ကယုချောင်းမြို့)နယ်စပ်မှပင်ကြားနေ၇ကြောင်း ၎င်းသတင်းတွင်ဖော်ပြသည်။ 

ဒေသခံများသည် အဆိုပါ လေယာဉ်ကိုဇူလိုင်လ(ရ) ရက် နံနက် ၈ နာရီမှညနေ ၄ နာရီအထိ မြင်တွေ့ခဲ့ရပြီး မော်တာကျည်ဆန်များ၊လက်နက်ကြီးပစ်ခတ်သံများကို တစ်ပြိုင်နက် ကြားခဲ့ရကြောင်း မောင်တောမြို့နှင့် မျက်နှာချင်းဆိုင်တက်ကနက် နယ်စပ်ရှိဒေသခံများက ပြောဆိုသည်။

" ဇွန်လ၆ရက်ညက တော့ ကျယ်လောင်တဲ့အသံ၊ ဆူညံသံတွေ မကြားရဘူး။ ဒါပေမယ့်ဇွန်လ ရရက် မနက်ခင်းကနေနေ့လည်ခင်း အထိ မော်တာကျည် ၁၅၀ ကျော်လောက် ပေါက်ကွဲတဲ့ အသံတွေကြားနေ၇တယ်"ဟု ဆားပြင်တိုက်နယ်အကြီးအကဲဖြစ်သူNoor Hossain ကပြောဆိုသည်။

မောင်တောမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ အကြားတိုက်ပွဲဖြစ်ပွားနေချိန်တွင် ပေါက်ကွဲသံများကြားခဲ့ရခြင်းကြောင်းတက္ကနက်ခရိုင်အရာရှိ Md Adnan Chowdhury ကပြောဆိုသည်။

ဗုံးပေါက်ကွဲမှုများသည်လေကြောင်းမှ ဗုံးကြဲမှုပြုလုပ်ခဲ့၍ ဖြစ်ကြောင်း၊ ပေါက်ကွဲ သံများသည် အလွန် ကျယ်လောင်ပြီးကြောက်မက်ဖွယ်ကောင်း ကြောင်း၊ ပေါက်ကွဲမှုများကြောင့် တက္ကနတ်နယ်စပ်ရှိ နေ အိမ်များတုန်ခါသွားခဲ့ကြောင်း၊  ပြည်သူများအနေဖြင့် အထိတ်တလန့် မဖြစ်ကြဖို့ ကိုလည်းအကြံပြုထားကြောင်း "ဒေသခံ အကြီးအကဲက ပြောကြားခဲ့သည်။

မောင်တောမြို့၏ အစိတ်အပိုင်းများကိုအာရက္ခတပ်တော်ကသိမ်းပိုက်ထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး အဆိုပါ ဒေသများကို စစ်အစိုးရ တပ်ဖွဲ့ဝင်များကလေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၎င်းသတင်းတွင် ရေးသားထားသည်။

 Source/ The Business Standard

 

-----

#တိုက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.