Preview

တစ်ပတ်အတွင်း ကျိန္တလီမြို့တွင် နောက်ထပ်ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ရ

ဇူလိုင် ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :946
ရခိုင် သတင်း

ကံ့ကော်နီနီ နိရဥ္စရာ ဇူလိုင် / ၂၀၂၄

တစ်ပတ်အတွင်း ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် နောက်ထပ် ဒေသခံတစ်ဦး မိုင်းနင်းမိပြီး ခြေထောက် တစ်ဘက် ဖြတ်တောက်လိုက်၇ကြောင်း သတင်းရရှိသည်။

မိုင်နင်းမိပြီးခြေထောက်ဖြတ်လိုက်၇သူမှာ ကျိန္တလီမြို့၊ အမှတ်()ရပ်ကွက်မှ ကိုမောင်ဖြူ အသက် (၃၀) ကျော်ဖြစ်ကြောင်းသိ၇သည်။

မိသားစုစားဝတ်နေရေးအကျပ်အတည်းများကြောင့်  ယနေ့ဇူလိုင်လ ရက်နေ့လယ် နာရီဝန်းကျင် အချိန်က ကျိန္တလီမြို့အနီးရှိတောင်ပေါ်သို့ မှိုရှာရန်သွားစဥ် မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေသလုံးနားမှဖြတ်တောက်လိုက်၇ကြောင်း ဒေသခံလူမှုရေးသမားများကပြောသည်။

" အခုအချိန်ကမှိုပေါ်တဲ့ အချိန်ဆိုတော့ သူကမှိုရှာဖို့တောင်ကိုသွားတာ။ အဲဒီလိုသွားတာမှာ မိုင်းနင်းမိပြီးခြေထောက်ထိသွားတယ်။ ဘယ်ဘက်ခြေထောက်ခြေသလုံးနားကဖြတ်လိုက်၇ပါတယ်" ဟု ဒေသခံလူမှုကူညီရေးသမားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

သံတွဲဒေသတိုက်ပွဲများနှင့် စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် ဒေသခံများမှာစားဝတ်နေရေး အကျပ် အတည်းများရင်ဆိုင်နေ၇ပြီး မိသားဝမ်းရေးအတွက် တောတောင်များတွင် ဟင်းများရှာဖွေရောင်းချ စားသောက်နေကြရသူအများအပြားရှိလာနေကြောင်း ဒေသခံများကပြောသည်။

" အဓိကတော့ တိုက်ပွဲနဲ့လမ်းတွေပိတ်ဆို့ထားတာတွေကြောင့် ငတ်ပြတ်လာကြတယ်။ မိသားစု စားဝတ်နေရေးတွေခက်ခဲလာကြတယ်။ အဲဒီတော့ဒေသခံတွေမှာ တောတောင်တွေဝင်ထွက်ပြီး ဟင်းတွေရှာတယ်။ အဲဒါတွေကိုပြန်ရောင်းပြီး စားဝတ်နေရေးဖြေရှင်းနေ၇သူတွေများလာတယ်" ဟု ဂွမြို့နယ်မှ လူမှုရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။

မိုင်းနင်းမိ၍ ခြေတစ်ဘက်ဖြတ်တောက်လိုက်၇သည့် ကိုမောင်ဖြူအား ဆပ်သွားဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့၇ပြီး လက်ရှိတွင်အသက်အန္တရာယ်မစိုးရိမ်၇တော့ဟု ၎င်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အလားတူ ဇူလိုင်လ  ရက်နေ့ကလည်း  ကျိန္တလီမြို့၊ အမှတ် () ရပ်ကွက်မှ ကိုမြင့်မောင် (၂၈) နှစ်သည်  မှိုရှာထွက်ရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားခဲ့သည် သိ၇သည်။

၇ခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မှ ကျိန္တလီမြို့သည် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားနေသည့် မြို့မဟုတ်သလို လက်ရှိ အချိန်ထိ အေးချမ်းတည်ငြိမ်နေသော မြို့ဖြစ်သည်။  စစ်ကောင်စီတပ်က မိုင်းများကို လျှောက်ထောင်ထားသဖြင့် ဒေသခံများတောတောင်ထဲသို့ မသွားကြရန် ရဲက အသံချဲ့စက်ဖြင့် သတိပေးမှုများ ပြုလုပ်ထားသော်လည်း စားဝတ်နေရေးအဆင်မပြေရာမှ တောင်တောထဲကို သွားပြီး မှိုရှာရာမှ ခုလို မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း  ဒေသခံများက ပြောသည်။

အလားတူ ဂွမြို့တွင်လည်း ခမ၇ (၅၆၂)တပ်ရင်းနောက် ၇ဟိုင်းကွင်း ဆည်နားတွင်လည်း မိုင်းထိပြီး အမျိုးသား တစ်ဦး ၂၀၂၄ ခုနှစ် ွန် ၂၉ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု သိရှိ၇သည်။ ဓာတ်ပုံ - Thakhin NyeinChan

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.