သဉ္ဇာနွယ်၊နိရဉ္စရာ၊ ဇူလိုင်၉/၂၀၂၄
ရခိုင်ပြည်၊အမ်းမြို့က စစ်ကောင်စီဝန်ထမ်းများအား မြို့ပြင်သို့ ထွက်သွားခွင့်ကိုစစ်ကောင်စီမှ ခွင့်မပြုတော့ဘဲ ပိတ်ပင်ထားကြောင်းသတင်းရရှိသည်။
အမ်းမြို့နယ်မှပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက "ဝန်ထမ်းတွေကို အမ်းမြို့ကနေထွက်မယ်ဆိုရင်ထောက်ခံစာလုပ်မပေးဘူး။ အရင်က မြို့ကနေ ထွက်ခွာမယ်ဆိုရင်မယက၊ ရပ်ကွက်၊ ရဲထောက်ခံစာ၊ ပညာရေးဝန်ထမ်းဆိုရင်မြို့နယ်ပညာရေးမှူးထောက်ခံချက်
အမ်းမြို့တွင် ပြည်မဘက်သို့သွားနိုင်သည့်အမ်း-ပဒါန်း-မင်းဘူးလမ်းတစ်လမ်း
" အခုလက်ရှိကတော့မြို့ခံတွေက ပိုပြီးထွက်ကြတယ်။ သွားရမယ့်နေရာကလည်း ပြည်မလမ်းဘဲ ဖွင့်ထားတာဆိုတော့ဆွေမျိုးရှိတဲ့သူတွေ၊ငွေကြေးတတ်
အမ်းမြို့ခံများမှာ နယ်ဖက်သို့သွားမည့်လမ်းကိုစစ်ကောင်စီမှ ပိတ်ထားသဖြင့် မြို့ ပေါ် တိုက်ပွဲဖြစ်လာပါကပြည်မမှလွှဲ၍အနီးအနားကျေးရွာများကို တိမ်းရှောင်လို့မရနိုင်သည့်အခြေအနေများကြောင့် ငွေကြေး မတတ်နိုင်သူများမှာ မြို့ပေါ်တွင်သာတောင့်ခံနေရသည်ဟု ၎င်းအမျိုးသမီးကဆက်ပြောသည်။
အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်မှ ဇူလိုင်လ (၆)ရက်နေ့ကနေစတင်ထိုးစစ်ဆင်တနုက်ခိုက်နေပြီး ယမန်နေ့ ညအထိတိုက်ပွဲမှာပြင်းထန်ခဲ့သည်
လက်ရှိတွင် အမ်းမြို့နယ်အမ်း-စစ်တွေကားလမ်းအနီးရှိ မဲလက်မောင်းကျေးရွာအနီးက မဲတောင် တောကြောရှိစစ်ကောင်စီ၏ ကာကင်းစခန်းများကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့်တိုက်ပွဲမှာပြင်းထန်လျက်ရှိပြီး ကာကင်းစခန်း တချို့ကိုလည်းအာရက္ခတပ်တော်မှ သိမ်းထားသည့် သတင်းလည်းထွက်နေကြောင်း ဒေသခံများကပြောသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)
Photo- MNP