အောင်ကြွယ်ငြိမ်း၊နိရဉ္စရာ၊ဇူလိုင် ၉/ ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရိုးလမ်းပေါ်ကခွေးတောက်ကျေးရွာနှင့်သံတွဲမြို့ ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၍လူနေအိမ်အချို့ပျက်စီးသွားသည်ဟုသိ၇သည်။
ယမန်နေ့ဇူလိုင်လ ၈ရက်၊ ညနေ ၃နာရီအချိန်ခန့်က တောင်ကုတ်မြို့နယ်၊ကြိုးကြာကွင်းကျေးရွာအုပ်စု၊ ရန်ကုန်- တောင်ကုတ်ရိုးလမ်းမကြီးပေါ်ရှိခွေးတောက်ကျေးရွာကို စစ်ကောင်စီကဂျက်လေယာဥ်ဖြင့် လေကြောင်းဖြင့် ၄ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်သည့်အတွက်လူနေအိမ်အချို့ပျက်စီးသွားသည်ဟု တောင်ကုတ်ဒေသခံတစ်ဦးကပြောသည်။
"ခွေးတောက်ရွာကမြေပြန့်မှာရှိတာမဟုတ်ဘူး။ ရိုးပေါ်မှာရှိတာပါ။ လူနေအိမ်တွေ အများအပြား ပျက်စီးသွားတယ်လို့တေ
စစ်ကောင်စီကလေကြောင်းဖြင့်ဗုံး
ယင်းအပြင် သံတွဲမြို့တွင်လည်းယမန်နေ့ ဇူလိုင်လ ၈ရက်၊ ညနေ ၃နာရီခွဲအချိန်ဝန်းကျင်ခန့်ကစစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ သံတွဲမြို့၊အမှတ်(၄)ရပ်ကွက်ရှိ ဦးစိုးရွှေ၏ နေအိမ်နှင့် ဆေးရုံးပိုင်းအနီးရှိစံပါယ်လမ်းထိပ်မှ လူနေအိမ်များ ပျက်စီးသွားသည်ဟု သိ၇သည်။
"စံပါယ်လမ်းထိပ်က လူနေအိမ်မှာကျတယ်။လေးဖြူကော်ဖီဆိုင်ရှေ့ကအိမ်။ အဲ့ဒီအိမ်မှာလည်း ကျတယ်။ လက်နက်ကြီးနဲ့ပစ်တာလားလို့တောင်ထင်ရသေးတယ်။ နောက်မှ လေယာဥ်အသံ ကြားတယ်။ ဘယ်လေယာဥ်အမျိုးအစားလဲဆိုတာထွက်မကြည့်ရဲလို့ မသိလိုက်ဘူး။ လူတွေ ထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ပါဘူး" ဟု သံတွဲမြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ၆ ရက်၊ ညနေ ၅ နာရီကျော်ကလည်း စစ်ကောင်စီက ပေါက်တောမြို့နယ်၊ သဝင်ချောင်း၊ပြိုင်းတောင်၊ သဲခုံ၊ မင်းတဲ စသည့်ကျေးရွာများကို လေကြောင်းမှ ဒရုန်းဖြင့်ဗုံးကြဲချ ပစ်ခတ်ခဲ့သည့်အတွက်လူနေအိမ်အချို့ပျက်စီးသွားခဲ့
အလားတူ ပြီးခဲ့သည့်ဇွန်လ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာကိုစစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်၄ ရက်နေ့နှင့် ၅ ရက်နေ့တို့ကလည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းမြို့နယ်၊ခမောင်းတောကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမောင်းတောကျေးရွာမှ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့်
(စစ်ကောင်စီမှလေကြောင်းဖြင့်ဗုံးကြဲတိုက်ခို