Preview

မောင်တောတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

ဇူလိုင် ၁၀/ ၂၀၂၄ | ကြည့်ရှုသူ :3158
ရခိုင် သတင်း

(စစ်ကောင်စီက လေယာဉ်များဖြင့် မောင်တောမြို့ ကို အပြင်းအထန်ကာကွယ်နေ)

နောင်မင်းသူ၊နိရဉ္စရာ၊ဇူလိုင်၁၀ ရက်/၂၀၂၄

ရခိုင်ပြည် အနောက်ဘက်နယ်စပ်မှတစ်ခုတည်းသော လက်ကျန်မြို့ မောင်တောကို အာရက္ခတပ်တော် ( AA)မြို့သိမ်းတိုက်ပွဲအဖြစ်  ဆက်လက်ပြီးဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲမှာ နေ့ရောညပါ အလွန်ပြင်းထန်လျက် ရှိနေသည်ဟုသတင်းရရှိသည်။

အာရက္ခတပ်တော်၏ ပြင်းထန်သော ထိုးစစ်အတွင်း စစ်ကောင်စီဘက်က အကျအဆုံးများလာသဖြင့် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲပြီးခုခံကာကွယ်နေရကြောင်း မောင်တာ ဒေသခံများထံမှ သိ၇သည်။

စစ်ကောင်စီတပ်များအားအေအေ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် နေရာများကို ယနေ့ဇူလိုင်လ ၁၀ ရက် နံနက် အာရုဏ် ၄ နာရီ ၄၀ မိနစ် အချိန်ခန့်တွင်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိ၇သည်။

" ဒီနေ့ မနက်အာရုဏ်မှာ လေယာဉ်နဲ့ ဗုံးချတာ မောင်တောတစ်မြို့လုံး တုန်ခါသွားတယ်။ အဆောက်အအုံ အချို့ မှန်တွေ ကွဲသွားတယ်။ ညတိုက်ပွဲကလည်းတစ်ညလုံး ဖြစ်ကြတာ။ အလွန်ပြင်းထန်တယ်။ မိုးကလည်းရွာ လက်နက်ကြီးအသံတွေက ဆူညံ။ မိုးရွာ နေတာတောင်မှ စစ်ကောင်စီက Y-12 နဲ့မနေ့ညက ဗုံးလာကြဲချခဲ့တယ်"ဟု  တိုက်ပွဲအထဲတွင် ပိတ်မိနေသည့်ဒေသခံတဦးကပြောသည်။

ယမန်နေ့ ဇူလိုင်လ ၉ ရက် ညနေ ၃ နာရီ ၁၅ မိနစ် ၌ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ ဗုံးများ လာရောက်ကြဲချခဲ့အပြီး ညနေ ၅ နာရီ မှ ည ၆နာရီကျော်အထိ Y-12ဗုံးကြဲလေယာဉ်ဖြင့်လည်း  မြို့အနီးဝန်းကျင် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ လှည့်ပတ်ပြီး  ဗုံးအလုံးရေ ၅၀ကျော်ခန့်ကြဲချခဲ့သည်ဟု ၎င်းက ဆိုသည်။

၎င်းပြင် ည ရ နာရီ ၅၆ မိနစ်တွင်နောက် ထပ်Y-12ဗုံးကြဲလေယာဉ်တစ်စီး ထပ်မံရောက်ရှိလာပြီး မိုးရွာနေသည့်ကြားမှ ဗုံကြဲချခဲ့ကြောင်း မျက်မြင်ဒေသခံများထံမှ သိ၇သည်။

"မောင်တောမကျဖို့ စစ်ကောင်စီက လေကြောင်းကနေ အတော်လေး ပြင်းပြင်းထန်ထန် ကာကွယ် နေတာ တွေ့နေ၇တယ်။ ဂျက်တိုက်လေယာဥ်တွေ၊ Y-12ဗုံးကြဲ လေယာဉ်တွေနဲ့ အဆက်မပြတ် လာပြီး ဗုံးချနေရတယ်။ ဒီနေနဲ့ဆိုသုံးရက်ရှိပြီ။ Y-12နဲ့ ဗုံးချတာက အတွဲလိုက် ဗုံးတွေပါ ချလာတယ်။ တစ်လုံးချတာ သုံးလေးလုံး ဆက်တိုက်ပေါက်ကွဲတာတွေ မျက်ဝါးထင်ထင် ကြားမြင်နေကြ၇တယ်။ အတော်လေးပြင်းပြင်းထန်ဗုံးကြဲနေတာ။ နတ်မြစ်၀မှာရှိနေတဲ့ နေဗီတွေကလည်း ညသန်ခေါင်မှာအမြောက်ကြီးတွေနဲ့ လှမ်းပစ်နေကြတယ်"လို့ မောင်တောမြို့ထဲက နောက်ထပ် ဒေသခံတစ်ဦးကလည်း နိရဉ္စရာသို့ ပြောဆိုသည်။

စစ်ကောင်စီသည် ဇူလိုင်လ၈ ရက်နေ့တွင် ဂျက် တိုက်လေယာဉ်များဖြင့် မွန်းလွဲ၁ နာရီ ၃၀ မိနစ်၌ တစ်ကြိမ်၊ ည ရ နာရီ၌တစ်ကြိမ်၊ ည ၁၁ နာရီ ၂၅ မိနစ်ခန့်၌ တစ်ကြိမ်နခခ(၅)အနီးနှင့် တိုက်ပွဲဖြစ်ပွါးနေသည့် မြို့ပတ်ပတ်လည် နေရာများအား ဗုံးများကြဲချခဲ့သည်ဟု သိ၇သည်။

"မောင်တောမှာအေအေ ထိုးစစ်ကို စစ်ကောင်စီတပ်တွေဘယ်လိုမှ တောင့်မခံနိုင်ကြတောဘူး။ အကျအဆုံးက အလွန်များလာနေတယ်လို့ သိ၇တယ်။ အဲဒါကြောင့် လေကြောင်းကို အဓိအသုံးပြုပြီး အပြင်းအထန် ခုခံကာကွယ်နေကြတယ်"ဟု  မျက်မြင်ဒေသခံတဦးကပြောဆိုသည်။

လေကြောင်းမှ အပြင်အထန် ဗုံးကြဲတိုက်ခိုက်လာသော်လည်းလက်ရှိအချိန် ၌ တိုက်ပွဲများမှာ မြို့ပတ်လည်တွင်ပြင်းထန်စွာဖြစ်ပွားလျှက်ရှိနေပြီး အေအေဘက်မှ ဒရုန်းများဖြင့်စစ်ကောင်စီ ခြေကုတ်စခန်းငယ်များနှင့်နခခ(၅)အား ဗုံးချတိုက်ခိုက်နေသည်။

နယ်ခြားစောင့် တပ်ဖွဲ့ခွဲနခခ(၅)မှလည်း  လက်နက်ကြီးကျည် အလုံးထောင်နှင့် ချီပြီးအဆက်ပြတ် ပစ်ခတ်လျှက် ရှိနေကြကြောင်း ဒေသခံများထံမှသိ၇သည်။

#တိုက်ပွဲ#မောင်တော
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.