နိရဉ္စရာ၊ ဇူလိုင် ၁၁/၂၀၂၄
မောင်တောမြို့တွင် အာရက္ခတပ်တော်(AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းစစ်ရှုံး၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် နတ်မြစ်ကို ဖြတ်ကျော်ပြီးဘင်္ဂလားဒေ့ရှ်သို့ ထပ်မံ ထွက်ပြေးခိုလှုံလာခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာနများတွင်သတင်းဖော်ပြသည်။
မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှင့် အခြား လုံခြုံရေး တပ်ဖွဲ့ဝင်(၁၀၀) ကျော် မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအကြားမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက်ကနက်မြို့သို့ တရားမဝင် ထွက်ပြေးခိုလှုံလာကြသည်ဟုသတင်းများတွင် ဖော်ပြသည်။
ကြာသပတေးနေ့ မနက်ပိုင်းက စတင်ပြီး မြန်မာအစိုးရတပ်ဖွဲ့ဝင်များသည် နယ်စပ် နေရာ၃ နေရာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက်မြို့သို့ ဝင်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့အားဖမ်းဆီးထိန်းသိမ်းထားကြောင်း သိ၇သည်။
တက်ကနက်မြို့နယ် ရေတပ်အရာရှိ Adnan Chowdhury က ၎င်းမြန်မာစစ်သားများအားဖမ်းဆီးထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့သည်။
"မြန်မာနိုင်ငံက အစိုးရနယ်ခြားစောင့်တွေ၊ စစ်သားတွေ ဒီကို ထပ်ပြီး ခိုလှုံနေကြတယ်လို့ သိရတယ်။ လောလောဆယ်တော့ နယ်ခြားစောင့် နဲ့ ကမ်းရိုးတန်းစောင့်တပ်ရဲ့ အချုပ်ထဲမှာ ရှိတယ်။ နောက်ပြီးနယ်စပ်တလျှောက် တရားဥပဒေ စိုးမိုးရေး အေဂျင်စီတွေက သတိထားနေကြ၇တယ်။"
ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ (BGB) သို့မဟုတ် ကမ်းခြေစောင့်တပ်မှ အဆိုပါ အခြေအနေနှင့်ပတ်သက်၍ တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးဟု သိ၇သည်။ ( ဓာတ်ပုံ- ပုံဟောင်းသာ)